၄၅ နှစ်အတွင်း ဖိလစ်ပိုင်ရဲ့ တိုင်ဖွန်းကြောင့် အဆိုးရွားဆုံးရေကြီးရေလျံမှုဖြစ်၊ လူသေဆုံးမှုမြှင့်တက်နေ

14-11-2020-yyl-001.jpg

ဖိလစ်ပိုင်နိုင်ငံမှာ တိုက်ခတ်သွားခဲ့တဲ့ တိုက်ဖွန်းမုန်တိုင်းကြောင့် လူသေဆုံးမှုနှုန်း မြှင့်တက်နေတဲ့အပြင် ဆယ်စုနှစ် ၄ ခုကျော်မှာ အဆိုရွားဆုံးရေကြီးရေလျံမှုဖြစ်တဲ့အတွက် မြောက်ပိုင်းဒေသနေရာတော်တော်များများ ရေလွှမ်းနေတယ်လို့ ဖိလစ်ပိုင်အာဏာပိုင်တွေဟာ မနေ့က ပြောကြားခဲ့ပါတယ်။

ဖိလစ်ပိုင်သမ္မတရော်ဒရီဂို ဒူတာတေးဟာလည်း တိုင်ဖွန်းမုန်တိုင်းကြောင့် အကြီးအကျယ်ရေကြီးရေလွှမ်းခဲ့ရတဲ့ Cagayan Valley ဒေသက အခြေအနေကို ကြည့်ရှုဖို့အတွက် Tuguegarao စီရင်စုကို လာရောက်ခဲ့ပါတယ်။ Cagayan မှာ လူအသေအပျောက် (၂၃)ဦး၊ တောင်ပိုင်း လုဇွန်မှာ (၁၇)ဦး ၊ Metroo Manila မှာ (၈)ဦး နဲ့ အခြားဒေသ (၂) ခုမှာ အသေအပျောက် (၂၀)ဦး ရှိတယ်လို့ သိရပါတယ်။ လူ (၂၀) ကလည်း ပျောက်ဆုံးနေပြီး အိမ်ခြေ (၂၆၀၀၀) နီးပါးကလည်း တိုင်ဖွန်းမုန်တိုင်းကြောင့်ပျက်စီးခဲ့ရတယ်လို့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ မက်ခ် တင်ဘယ် (Mark Timbal) က ပြောပါတယ်။

“ဒါဟာ ၄၅ နှစ်အတွင်းမှာ အဆိုးအရွားဆုံးရေကြီးရေလျံမှုပါပဲ။ နှစ်တိုင်း ဆိုးရွားနေတာကို ကျွန်တော်တို့တွေ့မြင်နေရပါတယ်” လို့ Cagayan ရဲ့မြို့တော်ဝန် မာနူရယ် မန်ဘာ (Manuel Mamba) က ပြောပါတယ်။ ရာသီဥတုဒဏ်နဲ့ တမံကနေ ရေလျံမှုတွေရဲ့အကျိုးသက်ရောက်မှုကို Cagayan က မိသားစု ထောင်ချီ ခံစားခဲ့ရပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ (၄) ပတ်အတွင်း ဆိုက်ကလုန်းမုန်တိုင်း (၆) ခု တိုက်ခတ်ခဲ့ပါတယ်။

မြို့တော်ဝန်ဟာလည်း Cagayan မှာ သစ်တောပြုန်းတီးမှုနဲ့ပတ်သက်ပြီး စိတ်မကောင်းဖြစ်နေရပြီး တရားမဝင်သစ်ခိုးထုတ်တာကို အရေးယူပေးဖို့အတွက် သမ္မတဒူတာတေးကို လှုံ့ဆော်ပေးနေပါတယ်။ “ကျွန်တော်တို့ တရားမဝင် သစ်ခုတ်တာ၊ သစ်ခိုးထုတ်တာ၊ မိုင်းတွင်းလုပ်တာနဲ့ပတ်သက်ပြီး အမြဲပြောဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီအတွက် ဘာမှမလုပ်ဆောင်ရသေးဘူး” လို့ သမ္မတ ဒူတာတေးက ပြောပါတယ်။

Magat Dam ကလည်း ရေတွေ ထုတ်လွှတ်နေသေးတဲ့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေက Cagayan မှာ ဆက်လက်လုပ်ဆောင်နေရပါတယ်။ အခုနှစ် ဖိလစ်ပိုင်မှာ တိုက်ခတ်သွားခဲ့တဲ့ ၂၁ ခုမြောက် ဆိုက်ကလုန်းမုန်တိုင်း Vamco ကလည်း မနီလာမြို့ရဲ့နေရာဒေသတော်တော်များများမှာ အဆိုးရွားဆုံးရေကြီးရေလျံမှုကို ဖြစ်စေခဲ့ပါတယ်။

Ref: AsiaOne “Philippines’ typhoon deaths rise as worst floods in 45 years hit north”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top