Save Haven Baby Box ထဲ လာစွန့်ပစ်သွားတဲ့ မွေးကင်းစကလေးငယ်ကို မီးသတ်သမားက မွေးစား

28.6.2023-yyl-12.jpg

မီးသတ်စခန်းအပြင်ဘက် Save Haven Baby Box ထဲ လာစွန့်ပစ်သွားတဲ့ မွေးကင်းစမိန်းကလေးငယ်ကို မီးသတ်သမားတစ်ယောက်က မွေးစားခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်၊ အိုကာလာမြို့ မီးသတ်စခန်းမှ မီးသတ်သမားဟာ အချက်ပေးသံကြားရလို့ စခန်းအပြင်ဘက် ထွက်ကြည့်ချိန်မှာ Save Haven Baby Box ထဲ လာစွန့်ပစ်သွားတဲ့ မိန်းကလေးငယ်ကို စတင်တွေ့ရှိခဲ့တာပါ။

” သူ့ဆီမှာ နို့ဘူးလေး ပါတယ်။ သူက ချမ်းနေလို့ သူ့ကို ကျွန်တော် ပွေ့ချီလိုက်တယ်။ မျက်လုံးချင်း ဆုံမိသွားကတည်းက ဒီကလေးလေးကို ကျွန်တော် ချစ်မိသွားတာပဲ”လို့ မီးသတ်သမားက ဆိုပါတယ်။ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေကြောင့် မီးသတ်သမားရဲ့အမည်ကို ဖော်ပြခြင်းမရှိပါဘူး။

ကလေးလေးအမည်ကတော့ ဇိုဝီပါ။ Safe Haven Baby Box ရဲ့ လုပ်ထုံးလုပ်နည်းတွေအရ လာရောက်စွန့်ပစ်သွားတဲ့ ကလေးငယ်ကို ဆေးရုံ ပို့ပေးရပါတယ်။ မီးသတ်သမားက ကလေးငယ်ကို မွေးစားချင်တယ်ဆိုတဲ့အကြောင်း စောင်အောက်မှာ စာရေးပြီး ဆေးရုံ ပို့ခဲ့ပါတယ်။ မီးသတ်သမားနဲ့ သူ့ဇနီးဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ကတည်းက ကလေးယူနေတာဖြစ်ပေမဲ့ အခုချိန်အထိ ကလေးမရှိသေးလို့ ဇိုဝီလေးကို မွေးစားခဲ့တာပါ။

Ref: Newborn Left in a Florida Rescue Station Adopted by the Firefighter Who Found Her

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top