Spider- Man: No Way Home မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အသက် ၈၂ နှစ်အရွယ် မင်းသမီးကြီး မေရီရီဗီရာ ကွယ်လွန်သွားခဲ့ပါပြီ။ မင်းသမီးကြီး မေရီ သေဆုံးခဲ့တာက ကြာပါပြီ။ အခုမှ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ သူဟာ ဦးနှောက်သွေးယိုစီးမှုဖြစ်ပြီးနောက် ဧပြီ ၁၅ ရက်နေ့က သေဆုံးသွားခဲ့တာပါ။
ဆရာဝန်တွေက သူ့အခြေအနေဟာ တော်တော်ဆိုးရွားနေတယ်လို့ သူ့မိသားစုကို ပြောခဲ့တာပါ။ ကိုမာကနေ ပြန်ကောင်းလာခဲ့ရင်တောင် ပြန်ကောင်းမွန်လာဖို့ အခွင့်အရေးအလွန်နည်းခဲ့တာပါ။ ဒါကြောင့်မို့ သူ့မိသားစုက အသက်ကယ်စနစ်တပ်ထားတာကို ဖြုတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲ့ဒီနောက် မေရီကို မီးသင်္ဂြိုဟ်ခဲ့ပါတယ်။
မေရီရီဗီရာက Spider-Man: No Way Home မှာ ခဏပဲပါဝင်ခဲ့ရပေမဲ့ သူ ပါဝင်ခဲ့တဲ့အခန်းက ရုပ်ရှင်ရဲ့လူပြောအများဆုံးအခိုက်အတန့်တွေထဲက တစ်ခုပါ။ သူဟာ ပီတာပါကာရဲ့သူငယ်ချင်းဖြစ်သူ နက်ဒ် လိဒ်စ်ရဲ့အဘွားအဖြစ် သရုပ်ဆောင်ခဲ့တာပါ။ တွမ်ဟော်လန်ရဲ့ Spider Man ကို ကူညီပေးဖို့ Mutiverse ကနေ အန်ဒရူးဂါဖီးရဲ့ ပီတာပါကာရောက်လာပြီးနောက် မေရီရီဗီရာရဲ့ဇာတ်ကောင်က ပေါ်လာခဲ့တာပါ။
မေရီဟာ အဲ့ဒီရုပ်ရှင်မှာ တစ်စိတ်တစ်ပိုင်းပါဝင်ခဲ့ရလို့ အရမ်းဂုဏ်ယူနေခဲ့တာပါ။ အဲ့ဒီဇာတ်ကောင်အတွက် သရုပ်ဆောင်ရွေးခံဖို့ သူ့မိသားစုက သူ့ကို တိုက်တွန်းခဲ့တာဖြစ်တယ်လို့ သူ့မိသားစုရဲ့ပြောစကားအရ သိရပါတယ်။
Ref: Spider-Man: No Way Home Actress Mary Rivera Dies At 82
WL (ရိုးရာလေး)

