အသက် ၂၅ နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ ဩဂုတ်လ ၃ ရက်နေ့က ဗိုက်နာလာခဲ့ပါတယ်။ ချက်ချင်းပဲ ခင်ပွန်းဖြစ်သူနဲ့အတူ မော်တော်ဆိုင်ကယ်နဲ့ ဆေးရုံကို သွားရောက်ခဲ့ပါတယ်။ အဲ့ဒီအမျိုးသမီးက ကိုယ်ဝန် ၃၂ ပတ် (သို့) ကိုယ်ဝန် ၈ လလောက်ရှိနေပါပြီ။
ဆေးရုံထဲ မဝင်ရသေးခင်မှာပဲ မော်တော်ဆိုင်ကယ်ပေါ်မှာ ကလေးမွေးခဲ့ရပြီး ကလေးက ချက်ကြိုးတန်းလန်းနဲ့ တွယ်ညှိနေတာကို လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေခဲ့တဲ့ ဗီဒီယိုမှာ တွေ့ခဲ့ရပါတယ်။ ခြေဗလာနဲ့ အဲ့ဒီကိုယ်ဝန်ဆောင်အမျိုးသမီးကို ဆိုင်ကယ်ပေါ်မှာ မြင်တွေ့ခဲ့ရပြီး ကလေးရဲ့ချက်ကြိုးက မိခင်ရဲ့ခန္ဓာကိုယ်နဲ့ တွယ်ညှိနေဆဲဖြစ်တာကိုလည်း တွေ့ရပါတယ်။
ဆေးဘက်ဆိုင်ရာအဖွဲ့က ကလေးကို နွေးထွေးအောင်လုပ်ကာ ချက်ကြိုးကို ဖြတ်တောက်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် နောက်ထပ်ကျန်းမာရေးစောင့်ရှောက်မှုအတွက် မိခင်နဲ့ ကလေးကို မွေးခန်းထဲ ပို့ဆောင်ခဲ့ကြပါတယ်။ ကလေးက ကိုယ်အလေးချိန် ၂ ကီလိုဂရမ် (၄.၄ ပေါင်) ရှိပါတယ်။ မိခင်ရော ကလေးပါ ကျန်းမာတယ်လို့သိရပါတယ်။
ဗီဒီယိုကြည့်ရှုရန် – https://www.youtube.com/shorts/L93tMBBx5MQ
Ref: Vietnam woman, 25, gives birth on motorcycle outside hospital
WL (ရိုးရာလေး)

