အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာ ကျင်းပဖို့စီစဉ်ထားခဲ့တဲ့ နာမည်ကြီးအဆိုအဖွဲ့ Big Bang ရဲ့အဖွဲ့ဝင်ဟောင်း T.O.P ရဲ့ “T.O.P PRE-STUDIO 2026” ပရိသတ်တွေ့ဆုံပွဲကတော့ ကျင်းပဖြစ်တော့မှာမဟုတ်ပါဘူး။ ဒေသတွင်းအခြေအနေတွေကြောင့် ပရိသတ်တွေ့ဆုံပွဲကို ဖျက်သိမ်းလိုက်ကြောင်း စက်တင်ဘာ ၁၀ ရက်နေ့က TONZ Entertianment မှာ ကြေညာခဲ့ပါတယ်။ အဲ့ဒီပွဲကို အစက စက်တင်ဘာ ၁၉ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားခဲ့တာပါ။
ပရိသတ်တွေ့ဆုံပွဲဖျက်သိမ်းတယ်ဆိုတာကို အခုလို ကြေညာချက်ထုတ်ပြန်ထားပါတယ်။ “မင်္ဂလာပါ…အရင်ဆုံးအနေနဲ့ ဂျာကာတာမှာ “T.O.P PRE-STUDIO 2026” ကို စောင့်ဆိုင်းနေခဲ့ကြတဲ့ TOPSX ပရိသတ်တွေအားလုံးကို စိတ်ရင်းနဲ့တောင်းပန်လိုက်ရပါတယ်။ စက်တင်ဘာ ၁၉ ရက်နေ့၊ ည ၇ နာရီမှာ ကျင်းပဖို့ စီစဉ်ထားခဲ့တဲ့ “T.O.P PRE-STUDIO 2026”က ဒေသတွင်းအခြေအနေတွေကြောင့် မလွဲသာမရှောင်သာပဲ ဖျက်သိမ်းလိုက်ရတယ်ဆိုတာကို နောင်တရစွာနဲ့ အသိပေးလိုက်ရပါတယ်။ အနုပညာရှင်နဲ့ သူတို့ရဲ့အေဂျင်စီကလည်း စီစဉ်ထားတဲ့ပွဲဖြစ်မြောက်ဖို့ အားစိုက်ထုတ်ထားရပါတယ်။ ဒါပေမဲ့ ဒေသတွင်းအခြေအနေတွေနဲ့ပတ်သက်ပြီး ဂရုတစိုက်စဉ်းစားဆုံးဖြတ်ပြီးနောက် စီစဉ်ထားသလို ပွဲကို ကျင်းပဖို့ ခက်ခဲမှာဖြစ်ပြီး ဒါကြောင့် ပွဲကို ဖျက်သိမ်းဖို့ ခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ရပါတယ်။ ပွဲကို စောင့်ဆိုင်းနေခဲ့ရတဲ့ TOPSX ပရိသတ်တွေအားလုံးကို ဒီသတင်းကို မျှဝေရတဲ့အတွက် တောင်းပန်ပါတယ်။ နားလည်ပေးကြဖို့လည်း တောင်းဆိုရပါတယ်။ လက်မှတ်ဖိုးပြန်အမ်းပေးမှာနဲ့ပတ်သက်ပြီးအသေးစိတ်ကိုတော့ တရားဝင်လက်မှတ်ပလက်ဖောင်းကနေတဆင့် သီးခြားကြေညာပေးသွားမှာဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။
Ref: T.O.P’s Jakarta Fan Meeting Canceled At Last Minute
WL (ရိုးရာလေး)

