အယ်လီဇဘတ်ဘုရင်မကြီးဆီမှာ အလုပ်လုပ်ချင်သူတွေအတွက် အခွင့်အရေး

180826192306-01-queen-elizabeth-ii-unfurled-exlarge-169.jpg

အင်္ဂလန်ဘုရင်မ အယ်လီဇဘတ်ဟာ တော်ဝင်ဆက်သွယ်ရေးအဖွဲ့နဲ့အတူ အလုပ်လုပ်ကိုင်ဖို့အတွက် အင်စတောဂရမ်ကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုတတ်သူတစ်ဦးကို အလုပ်ခေါ်နေပါတယ်။ ဘာလုပ်ပေးရမလဲဆိုရင် ဘုရင်မကြီးအယ်လီဇဘတ်ရဲ့ အင်စတောဂရမ်ကို တာဝန်ယူပေးရမှာဖြစ်ပြီး ဘုရင်မကြီး ဘာလုပ်နေလဲ ဆိုတာ လူထုကို အသိပေး ရေးသားပေးရမှာပါ။ ထုံးစံအတိုင်း အလုပ်အတွေ့အကြုံအပေါ် မူတည်ပြီး လစာအတိုးအလျော့ရှိပါတယ်။

ဘုရင်မကြီးအယ်လီဇဘတ်က “ဆိုရှယ်မီဒီယာ မန်နေဂျာ” ရာထူးနဲ့ ခေါ်နေပြီး အဓိကလုပ်ပေးရမှာတွေက သုသေသနပြုလုပ်ပြီး ဆောင်းပါးရေးပေးတာ၊ အင်စတောဂရမ်ကို စီမံပေးရတာ ၊ သူ ဘယ်ပြည်နယ်တွေ သွားတာလဲဆိုတာတွေ ရေးပေးရမှာဖြစ်ပါတယ်။ လိုအပ်တဲ့ အရည်အချင်းတွေကို အတိအကျ မဖော်ပြထားပေမယ့်လည်း အလုပ်အတွေ့အကြုံပေါ် မူတည်ပြီး တစ်လကို အမေရိကန် ဒေါ်လာ (၃၀၀၀) နဲ့ (၃၈၀၀) ကြား ရရှိနိုင်မှာပါ။

ဘုရင်မကြီး ခေါ်နေတဲ့ “ဆိုရှယ်မီဒီယာ မန်နေဂျာ” ရာထူးကို ရသွားတဲ့ သူက တစ်နှစ်မှာ “၃၃” ရက် ခွင့်ယူလို့ ရသလို၊ နေ့လယ်စာကို အခမဲ့ စားရမှာပါ။ ရုံးတတ်ရမယ့်နေရာက အင်္ဂလန်တော်ဝင်နန်းတော်လို့ ခေါ်ကြတဲ့ ဘက်ခ်ကင်းဟမ်နန်းတော် “Buckingham Palace” ပါပဲ။ ဘုရင်မကြီးအယ်လီဇဘတ်က အင်စတောဂရမ်နဲ့ စိမ်းတဲ့ သူမဟုတ်ဘဲ၊ အခုနှစ် မတ်လကမှ အင်စတောဂရမ်မှာ ပထမဆုံးပို့စ်တစ်ခု တင်ခဲ့ပါသေးတယ်။

အင်စတောဂရမ်မှာ ဘုရင်မကြီး ပထမဆုံး ပို့စ်တင်ခဲ့တာက “ဒီနေ့၊ သိပ္ပံပြတိုက်ကို သွားလည်တော့ တော်ဝင် မော်ကွန်းတိုက်က ကျွန်မရဲ့ အဖိုးဆီကို ပို့တဲ့ (၁၈၄၃) ခုနှစ်မှာ ရေးသားခဲ့တဲ့ စာ တစ်စောင်ကို တွေ့တဲ့ အခါမှာ စိတ်ဝင်စားခဲ့ပါတယ်” လို့ ရေးခဲ့တာပါ။ အင်္ဂလန်က တော်ဝင် မိသားစုဝင်တွေက အင်စတောဂရမ်၊ ဖေ့စ်ဘွတ်ခ် နဲ့ တွစ်တာ စတဲ့ လူမှုကွန်ရက်တွေမှာ ပရိသတ် သန်းချီ ရရှိထားပါတယ်။ ကဲ.. အမြန်သာ သွားလျှောက်လိုက်ကြနော်..။

Ref: CNN “The Queen is hiring a social media manager”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top