ခြေ (၆) ချောင်းနဲ့ ရှားပါးလိပ်ကို ဝယ်ယူကာ ကယ်တင်ပေးခဲ့တဲ့ ထိုင်းစုံတွဲ

aHR0cHM6Ly9zLmlzYW5vb2suY29tL25zLzAvdWQvMTY3MS84MzU4NzMwL3R1cnRsZS5qcGc.jpg

၂၀၂၁ခုနှစ် မတ်လ ၂၀ ရက်နေ့က ထိုင်းနိုင်ငံ၊ Songkhla စီရင်စုမှာာ ခြေ (၆) ချောင်းနဲ့ ရှားပါးလိပ်တစ်ကောင်ကို ထိုင်းစုံတွဲတစ်တွဲက တွေ့ရှိပြီး ဟင်းအမယ်အဖြစ် စားသောက်ခံရမယ့်ဘေးကနေ ဝယ်ယူကယ်တင်ပေးခဲ့တယ်လို့ သိရပါတယ်။ အဲဒီလိပ်မကြီးနဲ့ လိပ်ဥတွေကို ဝယ်ယူကယ်တင်ပေးခဲ့သူတွေကတော့ Suwit Kaewboon နဲ့သူ့ဇနီးတို့ပါပဲ။

ထိုင်းနိုင်ငံမှာက တချို့လူတွေအတွက် လိပ်ရဲ့အသားက နူးညံ့ပြီး စားလို့ကောင်းပါတယ်။ Suwit ရဲ့ဇနီးက ဟင်းအဖြစ် ချက်စားခံရတော့မယ့် လိပ်တစ်ကောင်နဲ့ သူ့ရဲ့လိပ်ဥတွေကို တွေ့ရှိခဲ့ပြီး ရွာသားတွေကို ဘတ်ငွေ ၁၀၀၀ ပေးပြီး ဝယ်ယူကယ်တင်ခဲ့တာဖြစ်ပါတယ်။ အဲဒီစုံတွဲက လိပ်ကို ဝယ်ယူခဲ့ပြီးတဲ့အထိ ခြေထောက်အပို (၂) ချောင်းပါလာတာကို မသိခဲ့ပါဘူး။ တိရစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့က အဲဒီလိပ်ကို ကယ်ဆယ်မွေးမြူထားမယ့်ဆိုတဲ့ မျှော်လင့်ချက်နဲ့ Suwit တို့ စုံတွဲက လိပ်အကြောင်းကို ဖေ့စ်ဘွတ်ခ်မှာ တင်ခဲ့ပါတယ်။

နောက်မှာ ရှားပါးလိပ်မျိုးစိတ်ဖြစ်တယ်ဆိုတာ သိခဲ့ရပါတယ်။ အရင်တုန်းက ဘယ်သူမှ ဒီလိုလိပ်မျိုးကို မတွေ့ရှိခဲ့ဖူးသလို ရှားပါးမျိုးစိတ်ဖြစ်တယ်လု့ိလည်း ပြောခဲ့ကြပါတယ်။ ထိုင်းနိုင်ငံသူနိုင်ငံသားတွေက ခြေ (၆) ချောင်းနဲ့ လိပ်တွေကို အတိတ်နိမိတ်ကောင်းအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒီလိပ်မျိုးကို တွေ့တဲ့ဘယ်သူမဆို ကံကောင်းမှုတွေကြုံတွေ့ရပြီး ငွေအမြောက်အများဝင်တယ်လို့ ဆိုကြပါတယ်။ ဒီလိပ်မျိုးစိတ်ကို ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ်တစ်လျှောက် မိုးသစ်တောဇုံမှ အမြဲကျက်စားလေ့ရှိကြတယ်လို့ သိရပါတယ်။

Suwit တို့စုံတွဲကတော့ တစ်စုံတစ်ယောက်ရဲ့ဟင်းလျာဖြစ်တော့မယ့် ဘေးကနေ ဒီလိပ်ကို ကယ်တင်ပေးခဲ့ပေမယ့် နောက်မှာ သူတို့ဆီကို ဒီလိပ်ကြီးက ကံကောင်းမှုတွေသယ်ဆောင်လာတော့မယ်ဆိုတာကို သိခဲ့ရပါတော့တယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top