ဖိလစ်ပိုင်ဇာတ်လမ်းတွဲမှာ ဗီလိန်ဇာတ်ကောင်အဖြစ် ပါဝင်ထားတဲ့ ကိုရီးယားမင်းသားချော ဂျီဆိုး

Image_20260918_122500_804.png

တောင်ကိုရီးယားမင်းသား ဂျီဆိုး ဟာကျောင်းတွင်းအကြမ်းဖက်မှုဆိုင်ရာအငြင်းပွားဖွယ်ဖြစ်ရပ်တစ်ခုကြောင့် ကိုရီးယားမှာ အနုပညာလှုပ်ရှားမှုတွေ ရပ်နားခဲ့တာ ၅ နှစ်ရှိပါပြီ။ သူက ဖိလစ်ပိုင်နိုင်ငံမှာ သူ့ရဲ့အနုပညာအလုပ်ကို လုပ်နေတာပါ။ သူဟာ ဖိလစ်ပိုင်ဇာတ်လမ်းတွဲမှာ ဗီလိန်ဇာတ်ကောင်အဖြစ် ပါဝင်ထားပါတယ်။

ဂျီဆိုးဟာ ဖိလစ်ပိုင်ဇာတ်လမ်းတွဲ Taskforce Firewallက ရိုက်ကွင်းနောက်ကွင်းပုံတွေကို ” ရိုက်ကွင်းပေါ်မှာတော့ ဒုန်ဟွန် အဖြစ်၊ ရိုက်ကွင်းအပြင်ဘက်မှာတော့ မိသားစုနဲ့..စက်တင်ဘာလရဲ့သာယာလှပတဲ့နေ့ရက်တွေပါပဲ “လို့ ရေးသားမျှဝေခဲ့ပါတယ်။ ဂျီဆိုးက လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်မှုနဲ့ ခြိမ်းခြောက်ငွေညှစ်မှုတွေ ပါဝင်ပတ်သက်နေတဲ့ ရာဇဝတ်ဂိုဏ်းတစ်ခုရဲ့နောက်ကွက်က ရက်စက်ပြီး တွက်ချက်တတ်သူ လူဆိုးဇာတ်ကောင် ဒုန်ဟွန်အဖြစ် ပါဝင်ထားတာပါ။ သူက ဒီဇာတ်ကောင်အတွက် ဇာတ်ကားတော်တော်များများက ဗီလိန်ဇာတ်ကောင်တွေရဲ့သရုပ်ဆောင်ချက်တွေကို လေ့လာခဲ့တာပါ။

သူဟာ ၂၀၂၄ ခုနှစ်က ဖိလစ်ပိုင်မှာ Black Rider ဇာတ်ကားနဲ့ အနုပညာအလုပ်ကို ပြန်လုပ်ခဲ့တာပါ။ အဲ့ဒီနောက် GMA ရဲ့ Talent Management Agency Sparkle နဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ အဲ့ဒီကတည်းက Never Say Die နဲ့ Love Siargao ဇာတ်ကားတွေနဲ့ အနုပညာလှုပ်ရှားမှုတွေ လုပ်ဆောင်နေခဲ့ပါတယ်။

ဂျီဆိုးက River Where the Moon Rises ဇာတ်လမ်းတွဲမှာ ပါဝင်ရင်း ကျောင်းတွင်းအကြမ်းဖက်မှုစွပ်စွဲချက်တွေထွက်ပေါ်လာပြီးနောက် ၂၀၂၁ ခုနှစ်မှာ ကိုရီးယားအနုပညာလှုပ်ရှားမှုကို ရပ်နားခဲ့တာပါ။

Ref: Jisoo Takes On Villain Role in Philippine Drama 5 Years After School Violence Controversy

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top