လစာငွေနဲ့ ပျိုးပင်တွေဝယ်ပြီး သစ်ပင်ပေါင်းသိန်းချီ စိုက်ပျိုးပေးခဲ့တဲ့ အိန္ဒိယနိုင်ငံမှ ဘတ်စ်ကားစပယ်ယာ

image-4.png

အိန္ဒိယနိုင်ငံမှ ဘတ်စ်ကားစပယ်ယာတစ်ယောက်ဟာ သူရတဲ့ လစာငွေလေးနဲ့ ပျိုးပင်တွေဝယ်ပြီး သစ်ပင်ပေါင်းသိန်းချီ စိုက်ပျိုးခဲ့တာကြောင့် သစ်ပင်လူသားလို့ အမည်တွင်ခဲ့ပါတယ်။

တမီလ်နာဒူးပြည်နယ်မှ ဘတ်စ်ကားစပယ်ယာ ယိုဂါနာသန် (Marimuthu Yoganathan) ဟာ ဆယ်စုနှစ် ၄ ခုကျော်ကာလအတွင်း သူ့လစာရဲ့ ၄၀ ရာခိုင်နှုန်းခန့်ကို ပျိုးပင်တွေဝယ်ယူပြီး သစ်ပင်တွေ စိုက်ပျိုးခဲ့တာပါ။ ဒါ့အပြင် သူက လူ့အဖွဲ့အစည်းထဲမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို လူတွေ ပိုသတိထားမိစေဖို့ ဘတ်စ်ကား ခရီးသည်တွေ၊ ကျောင်းသား/သူတွေကိုလည်း ပျိုးပင်လေးတွေ အခမဲ့ ပေးဝေခဲ့ပါတယ်။

ယိုဂါနာသန်ဟာ လူ့အဖွဲ့အစည်းအတွက် ပိုမိုစိမ်းလန်းတဲ့ ပတ်ဝန်းကျင် ဖန်တီးပေးဖို့ ငွေအများအပြား သုံးစွဲခဲ့ပေမဲ့ သူကိုယ်တိုင်အတွက်တော့ အိမ်ပိုင်တစ်လုံးတောင် မရှိပါဘူး။ သူဟာ ကိုယ်ကျိုးစွန့်ပြီး အများအကျိုး ဆောင်ရွက်ခဲ့တာကြောင့် အိန္ဒိယသမ္မတအိမ်တော်ကို ဖိတ်ခေါ်ဂုဏ်ပြုခြင်း ခံခဲ့ရပြီး ဂေဟစစ်သည်တော်ဆု (Eco Warrior Award)လည်း ချီးမြှင့်ခံခဲ့ရပါတယ်။

Ref: M. Yoganathan

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top