Chats တွေထဲက မဖတ်ရသေးတဲ့စာတွေကို ချက်ချင်းအလွယ်တကူ အမီလိုက်ဖတ်ရှုနိုင်အောင် Rakuten Viber က ကူညီပေးနေပါပြီ

chat.webp

ChatGPT ရဲ့ AI စနစ်သုံး “Unread Recap” လုပ်ဆောင်ချက်အသစ်ကြောင့် ကော်ဖီတစ်ခွက် မကုန်ခင်မှာတင် မဖတ်ရသေးတဲ့ စာအားလုံးကို အချိန်တိုအတွင်း အမီလိုက် ဖတ်ရှုနိုင်တော့မှာဖြစ်ပါတယ်။

Viber အက်ပလီကေးရှင်း (App) ကို ဖွင့်လိုက်တာနဲ့ Chat တွေမှာ ပို့ထားတဲ့ မဖတ်ရသေးတဲ့စာတွေကို အမြန်ဆုံး ချက်ချင်း အမီလိုက်ဖတ်ရှုနိုင်ဖို့ ဖန်တီးထားတဲ့ ChatGPT ရဲ့ AI စနစ်သုံး လုပ်ဆောင်ချက်သစ် “Unread Recap” ကို Rakuten Viber ကနေ စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

“Unread Recap” လုပ်ဆောင်ချက် က မဖတ်ရသေးတဲ့ Chat တွေထဲက စာတွေကို အလွယ်တကူ အမီလိုက် ဖတ်ရှုနိုင်အောင် ကူညီပေးသွားမှာပါ။ ပို့ထားတဲ့စာတွေ နဲ့ စကားပြောဆိုမှုတွေ အများကြီးကြားထဲမှာ အောက်အထိ အထက်အောက် အပြန်ပြန်အလှန်လှန် ရှာဖွေကြည့်နေစရာ မလိုတော့ဘဲ လွတ်သွားတဲ့ ပို့ထားသမျှ စာ တစ်ခုချင်းစီအတွက် ChatGPT ရဲ့ AI စနစ်သုံး အကျဉ်းချုပ် Recap ကို ရရှိဖတ်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ မက်ဆေ့ချ်တွေကို ဖတ်ပြီးသားအဖြစ် မှတ်သားထားမလား၊ နောက်မှ ပြန်ဖတ်မလား သို့မဟုတ် Chat ထဲကို တိုက်ရိုက် ဝင်ရောက်မလားဆိုတာကိုလည်း ရွေးချယ်နိုင်မှာပါ။ Viber အသုံးပြုသူတွေရဲ့ သုံးပုံတစ်ပုံနီးပါးမှာ ဘယ်နေ့မှာမဆို မဖတ်ရသေးတဲ့ မက်ဆေ့ချ် အရေအတွက် ၂၀ ထက်မနည်း ရှိနေတတ်ပြီး Unread Recap က အဆိုပါ မက်ဆေ့ချ်တွေကို အချိန်ယူပြီး အထက်အောက် ရှာဖွေ ဖတ်ရှုနေရမယ့်အစား စက္ကန့်ပိုင်းခန့် အချိန်ပေးဖတ်ရုံနဲ့ ပြီးစီးသွားစေမှာ ဖြစ်ပါတယ်။
ဒီလုပ်ဆောင်ချက် တစ်ခုလုံးမှာ ကိုယ်ရေးအချက်အလက် လုံခြုံရေး အကာအကွယ်တွေကိုလည်း အပြည့်အဝ ထည့်သွင်းပေးထားပါတယ်။ မဖတ်ရသေးတဲ့ Chats တွေကို အကျဉ်းချုပ်ပြုလုပ်ပေးဖို့ ChatGPT ကို ခိုင်းတဲ့အခါ၊ အကျဉ်းချုပ် ထုတ်ပေးဖို့ လိုအပ်တဲ့ မဖတ်ရသေးတဲ့ မက်ဆေ့ချ်တွေနဲ့ ပါဝင်သူတွေရဲ့ အမည်တွေကိုသာ ကြည့်ရှုမှာဖြစ်ပြီး အခြား ပို့ထားသမျှ အကြောင်းအရာတွေကိုတော့ လုံးဝ ကြည့်ရှုမှာ မဟုတ်ပါဘူး။ ဒါကြောင့် ယုံကြည်စိတ်ချစွာနဲ့ ပို့ထားတဲ့စာတွေရဲ့ နောက်ဆုံးအခြေအနေ၊ အကြောင်းအရာ တွေကို အမီလိုက် ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါ လုပ်ဆောင်ချက်ကို Viber Mobile App မှာ ယခုအခါ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။

Rakuten Viber နဲ့ OpenAI တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ AI နည်းပညာကို အသုံးပြုပြီး နေ့စဉ်လူနေမှုဘဝကို ပိုမိုရိုးရှင်းလွယ်ကူအောင် အကူအညီပေးနိုင်ရန်အတွက် အစဉ်တစိုက် ကြိုးပမ်းအားထုတ်နေတဲ့ ကတိကဝတ်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် AI နည်းပညာ ကို အသုံးပြုပြီး ပိုမိုထိရောက်တဲ့ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့နဲ့ အသုံးပြုသူတွေအတွက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေ ပေးအပ်နိုင်ဖို့ အဓိကထားလုပ်ဆောင်နေတဲ့ Rakuten Group ရဲ့ ‘Triple 20’ စီမံကိန်းကိုလည်း အထောက်အကူပြု စေမှာ ဖြစ်ပါတယ်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top