အဆိုတော်တေလာဆွစ်ဖ်က ၂၀၂၆ ခုနှစ်ရဲ့ MTV Video Music Awards မှာ စံချိန်သစ်တင်နိုင်ခဲ့ပြန်ပါတယ်။ လေလာဆွစ်ဖ်က စက်တင်ဘာ ၂၇ ရက်နေ့က ကျင်းပတဲ့ အဲ့ဒီပွဲမှာ ပထမဆုံးအကြိမ်အဖြစ် ချီးမြှင့်တဲ့ Artist Director Honours ဆုကို ရရှိခဲ့ပြီး VMA သမိုင်းတစ်လျှောက် ဆုအများဆုံးရရှိတဲ့ အနုပညာရှင်ဖြစ်လာခဲ့ပါတယ်။
အရင်က တေလာဟာ ဘီယွန်းစေးနဲ့အတူ VMA ဆုပေါင်း ၃၀ စီနဲ့ စံချိန်တူခဲ့တာပါ။ ဒီဆုအသစ်က ကင်မရာနောက်ကွယ်က လုပ်ဆောင်ချက်တွေနဲ့ ဂီတဗီဒီယိုရဲ့ဖြစ်နိုင်ခြေတွေကို ချဲ့ထွင်ပေးခဲ့ပြီး ရုပ်ပုံတွေကတဆင့် ဇာတ်လမ်းပုံဖော်တင်ဆက်တဲ့ အနုပညာကို မြှင့်တင်ပေးခဲ့တဲ့ အနုပညာရှင်တွေကို အသိအမှတ်ပြုဖို့ ရည်ရွယ်ထားတာပါ။ တေလာက ဂီတဗီဒီယိုပေါင်း ၆၀ ခန့်ဖန်တီးရာမှာ ပါဝင်ခဲ့ပြီး အဲ့ဒီအထဲက ၁၈ ခုက သူကိုယ်တိုင်ဇာတ်လမ်းရေးသားရိုက်ကူးခဲ့တာပါ။
တေလာက The Fate of Ophelia သီချင်းနဲ့ တစ်နှစ်တာအကောင်းဆုံးဗီဒီယိုဆုကြီးကိုလည်း ရရှိခဲ့ပါတယ်။ သူက အဲ့ဒီဆုနဲ့ ကွယ်လွန်သွားပြီဖြစ်တဲ့ Dolly Parton ကိုရည်ရွယ်ပြီး ဂုဏ်ပြုခဲ့ပါသေးတယ်။ သူ့ရဲ့သီချင်းအသစ် Patient Zero ကိုလည်း ဆုပေးပွဲအတွင်း ချပြသွားခဲ့ပါတယ်။
MTV VMAs မှာ တေလာဆွစ်ဖ် ရရှိခဲ့တဲ့ ဆု ၃ ဆုက The Fate of Ophelia သီချင်းနဲ့ Video of the Year, Opalite သီချင်းနဲ့ Best Direction ဆု၊ Artist Director Honors ဆုတို့ကို ဆွတ်ခူးသွားခဲ့တာပါ။
Ref: Taylor Swift becomes most-awarded artist in MTV VMAs history, dedicates top prize to Dolly Parton
WL (ရိုးရာလေး)

