ဖိလစ်ပိုင်နိုင်ငံ ဆီဘူပြည်နယ်ရဲ့ တောင်တန်းတွေပေါ်မှာ ကျောင်းသား/သူတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ချောက်ထဲကို ထိုးကျမလို ဖြစ်ခဲ့ပေမဲ့ ထင်းရူးပင်တစ်ပင်နဲ့ တိုက်မိပြီး ချောက်ကမ်းပါးမှာ တင်နေတဲ့အတွက် ကားပေါ် လိုက်ပါလာသူအားလုံး အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။
ဒီဖြစ်ရပ်ဟာ ၂၀၁၀ ပြည့်နှစ် သြဂုတ်လက ဖြစ်ပွားခဲ့ပြီး ဒီထင်းရူးပင်ကိုတော့ အဲဒီဖြစ်ရပ်မတိုင်ခင် ၃၅ နှစ်အလိုမှာ ဒေသခံခြံစိုက်သူ အာမန်စီယိုက စိုက်ထားခဲ့တာပါ။ ကားလမ်းပေါ်က ကျောက်တုံးတွေ၊ အပျက်အစီး အပိုင်းအစတွေ သူ့ခြံထဲ ကျလာတာ သက်သာစေဖို့ ရည်ရွယ်ပြီး ကားလမ်းဘေးမှာ ထင်းရူးပင်တွေ စိုက်ပျိုးထားခဲ့တာပါ။
သူ စိုက်ပျိုးထားတဲ့ သစ်ပင်ကြောင့် လူတွေ အသက်ချမ်းသာရာရတဲ့အကြောင်း သိသွားချိန်မှာ အာမန်စီယိုက ဝမ်းမြောက်ဝမ်းသာဖြစ်ပြီး အခင်းဖြစ်ပွားရာကို ရောက်လာခဲ့ပါတယ်။ ပုံမှာ မြင်ရတဲ့ မြင်ကွင်းကိုတော့ ဓာတ်ပုံဆရာ ဒီစပိုဂျိုက ရိုက်ကူးထားခဲ့တာပါ။
Ref: Epimaco Amancio had planted that tree while working as an area caretaker.
NZ (ရိုးရာလေး)

