ဘိုးဘွားနှစ်ဦးရဲ့နေအိမ်ကို ဒေါ်လာ (၇) သန်းတန်ကြေးရှိတဲ့ မူးယစ်ဆေးဝါးတွေ မှားယွင်းပေးပို့

59836157_2368619443168962_7105185000730918912_n.jpg

သြစတြေးလျနိုင်ငံက ဘိုးဘွားနှစ်ဦးရဲ့ နေအိမ်ကို သြစတြေးလျဒေါ်လာ (၁၀) သန်း (အမေရိကန်ဒေါ်လာ ၇ သန်း) တန်ကြေးရှိတဲ့ မီသမ်ဖီတာမင်း ဆေးအမှုန့်တွေ မှားယွင်းပေးပို့မှု ဖြစ်ပွားခဲ့ပါတယ်။ အဖြူရောင်အမှုန့်တွေပါဝင်တဲ့ ပါဆယ်ထုပ် တွေ့ရှိခဲ့ပြီးနောက်မှာ ဒွိဟဖြစ်သွားတဲ့ ဘိုးဘွားမောင်နှံက ရဲကိုအကြောင်းကြားခဲ့ပါတယ်။

ပါဆယ်ထုပ်ထဲမှာ မီသမ်ဖီတာမင်း (၄၄) ပေါင် ပါဝင်တယ်လို့ မဲလ်ဘုန်းရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီနောက်မှာ ထောက်လှမ်းရေးတွေက ဘိုးဘွားမောင်နှံရဲ့ အိမ်နီးနားချင်း အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပြီး သူ့အိမ်ကနေ အမ်ဖီတာမင်း (၄၄) ပေါင် တွေ့ရှိခဲ့ပါတယ်။ အသက် (၃၀) အရွယ်ရှိတဲ့ အဲဒီအမျိုးသားကို နောက်ပိုင်းမှာ အမ်ဖီတာမင်းဆေးဝါး တင်ပို့မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top