ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန် လေယာဉ်တင်သင်္ဘော ပုံစံတူအရာကို အီရန်နိုင်ငံက ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်

29-7-2002-yyl-004.jpg

အီရန်နိုင်ငံက ဗျူဟာအရ အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန်လေယာဉ်တင်သင်္ဘောပုံစံမျိုး တည်ဆောက်ထားတဲ့ အရာကို ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီစစ်ရေးလေ့ကျင့်မှုမှာ အကြီးအကျယ် ပစ်ခတ်တိုက်ခိုက်မှုတွေ ပါဝင်ခဲ့လို့ အမေရိကန်စစ်တပ်က ဒေသတွင်းအခြေစိုက်စခန်းနှစ်ခုကို ယာယီသတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။ အမေရိကန်နဲ့ အီရန်နိုင်ငံကြား ပင်လယ်ကွေ့ဒေသမှာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ အီရန်နိုင်ငံက အခုလို စစ်ရေးလေ့ကျင့်မှုလုပ်ခဲ့တာပါ။

အီရန်နိုင်ငံရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိတဲ့ အဆင်ခြင်မဲ့လုပ်ရပ်ကို အမေရိကန်ရေတပ်က ရှုတ်ချခဲ့ပြီး အကြပ်ကိုင်၊ ခြိမ်းခြောက်ဖို့ ကြိုးစားရာရောက်တယ်လို့ အမေရိကန်ရေတပ်က မှတ်ချက်ပေးခဲ့ပါတယ်။ Prophet Mohammed 14th လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို အီရန်နိုင်ငံပိုင် ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့ပါတယ်။ ပင်လယ်ကွေ့ဒေသမှာ ခုတ်မောင်းသွားလာလေ့ရှိတဲ့ အမေရိကန်လေယာဉ်တင်သင်္ဘောရဲ့ ပုံစံတူအရာပေါ်မှာ တိုက်လေယာဉ်ပုံစံတူတွေလည်း ထားရှိခဲ့ပါတယ်။ ဒုံးကျည်တွေကို တည်နေရာအမျိုးမျိုးကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး ဒုံးကျည်တချို့ကို ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်ခဲ့တာပါ။ အီရန်နိုင်ငံက ပဲ့ထိန်းဒုံးကျည်တွေ ပစ်လွှတ်ခဲ့ပြီးနောက်မှာ ယူအေအီးနဲ့ ကာတာနိုင်ငံ အခြေစိုက်စခန်းတွေမှာရှိတဲ့ အမေရိကန်စစ်သည်တွေကို သတိပေးချက်ထုတ်ပြန်ခဲ့တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top