၂၀၀၅ ခုနှစ်မှာ ဆွီဒင်နိုင်ငံသား ဘီလျံနာ ဂျိုဟန်အီလီယက်ရှ် (Johan Eliasch) က ဘရာဇီးနိုင်ငံထဲမှ အမေဇုန် မိုးသစ်တော ဧက ၄ သိန်းနီးပါးကို ဝယ်ယူခဲ့ပါတယ်။ အဲဒီမြေကို ပိုင်ဆိုင်တဲ့ ဘရာဇီးသစ်ထုတ်လုပ်ရေး ကုမ္ပဏီ (Gethal Amazonas)ကို ဝယ်ယူလိုက်တာဖြစ်ပြီး သူ့လက်ထက် အရောက်မှာတော့ ကုမ္ပဏီရဲ့ သစ်ထုတ်လုပ်ရေးလုပ်ငန်းကို ရပ်ဆိုင်းလိုက်ပါတယ်။
သစ်ထုတ်လုပ်ရေးကုမ္ပဏီကို ဝယ်ယူပြီး သစ်ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်တယ်ဆိုတာ ဘယ်သူမှ ထင်မထားတဲ့ကိစ္စပါ။ ဂျိုဟန်အီလီယက်ရှ်ရဲ့ ရည်ရွယ်ချက်ကတော့ သစ်ထုတ်ပြီး အမြတ်ရှာဖို့မဟုတ်ဘဲ အမေဇုန် မိုးသစ်တော ပြုန်းတီးမှုကို ကာကွယ်ဖို့ပါပဲ။

သစ်ထုတ်လုပ်မှု ရပ်ဆိုင်းလိုက်တာကြောင့် မျိုးသုန်းမယ့်အန္တရာယ်ရှိနေတဲ့ တောရိုင်းတိရစ္ဆာန်တွေ ကျက်စားရာနေရာကို စောင့်ရှောက်ပေးနိုင်ခဲ့သလို ကမ္ဘာ့အရေးအပါဆုံး သဘာဝ ကာဗွန်သိုလှောင်ရုံကြီးတစ်ခု ပျက်စီးမသွားအောင်လည်း အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။
ဒါ့အပြင် သူ့ရဲ့လုပ်ရပ်ကြောင့် သစ်တောတွေကို ကာကွယ်ဖို့ လိုအပ်နေပြီဆိုတာကို လူတွေ ပိုပြီး သတိထားမိစေခဲ့ပါတယ်။
Ref: Swedish-British billionaire Johan Eliasch bought a Brazilian logging company called Gethal Amazonas to stop commercial logging
NZ (ရိုးရာလေး)

