ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ငါးဖမ်းခွင့် (၆၅) ရက်ကြာ ပိတ်ပင်

61373952_2391837780847128_2900694403456696320_n.jpg

ငါးအကောင်ရေတိုးပွားလာအောင်ကြိုးပမ်းတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ကမ်းရိုးတန်းတွေမှာ ငါးဖမ်းခွင့် (၆၅) ရက်ကြာ ပိတ်ပင်ခဲ့ပါတယ်။ အဲဒီပိတ်ပင်မှုဟာ ငါးဖမ်းသင်္ဘောအားလုံးနဲ့ သက်ဆိုင်ပြီး ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ ရေတပ်က စောင့်ကြပ်နေကြပါတယ်။ အခုလို ပိတ်ပင်လိုက်လို့ သူတို့ရဲ့ဝင်ငွေရပေါက်ရလမ်းပိတ်သွားတဲ့အတွက် ထောင်နဲ့ချီတဲ့ တံငါသည်တွေက ဆန္ဒပြဖို့ စီစဉ်နေပါပြီ။

မေလ (၂၀) ရက်နေ့က စတင်ခဲ့တဲ့ ငါးဖမ်းခွင့်ပိတ်ပင်မှုဟာ ဇူလိုင်လ (၂၃) ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပြီး ငါးသားပေါက်တဲ့ရာသီဖြစ်လို့ အခုလိုပိတ်ပင်လိုက်တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဟာ အရင်တုန်းက စီးပွားဖြစ်ငါးဖမ်းမှုတွေကို ကာလတိုပိတ်ပင်ခဲ့ဖူးပေမဲ့ ဒေသခံတံငါသည်တွေအပါအဝင် ငါးဖမ်းသင်္ဘောအားလုံးကို ကာလရှည်ပိတ်ပင်လိုက်တာတော့ ဒါက ပထမဆုံးအကြိမ်ပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top