ဇနီးဟောင်းရဲ့မင်္ဂလာပွဲကို ဦးဆောင်ကျင်းပပေးခဲ့တဲ့ Spider-Man ဇာတ်ကောင်မင်းသား တိုဘီ မက်ဂွိုင်းယား

tob.jpg

Spider-Man အဖြစ် လူအများသိကြတဲ့ မင်းသား တိုဘီ မက်ဂွိုင်းယားဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကုန်ပိုင်းက သူ့ဇနီးဟောင်း လက်ဝတ်ရတနာဒီဇိုင်နာရဲ့မင်္ဂလာပွဲကို ဦးဆောင်ကျင်းပပေးခဲ့ပါတယ်။ သူနဲ့ သူ့ဇနီးဟောင်း ဂျနီဖာ မေယာနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၁ ခုလောက်က ကွာရှင်းပြတ်စဲခဲ့ကြပြီး ပြီးခဲ့တဲ့လကမှ တရားဝင်ကွာရှင်းပြီးသွားခဲ့တာပါ။

တိုဘီက ဇနီးဟောင်းနဲ့ နိုက်ဂျီးရီးယား ဘီလီယံနာ ရင်းနှီးမြှုပ်နှံသူ Adebayo Ogunlesi ရဲ့ သားဖြစ်သူ၊ ဖျော်ဖြေရေးနဲ့ တေးဂီတစီမံခန့်ခွဲရေးကုမ္ပဏီ CEO တစ်ဦးဖြစ်တဲ့ ဂျက်ဖရီ အိုဂွန်လေစီတို့ရဲ့မင်္ဂလာပွဲမှာ အဓိကနေရာကနေ ပါဝင်ဆောင်ရွက်ပေးခဲ့တာပါ။ မင်္ဂလာပွဲကို အောက်တိုဘာ ၁၀ ရက်နေ့က ဟာဝိုင်အီရှိ the Four Seasons Resort Lanai မှာ ကျင်းပခဲ့ပါတယ်။ တိုဘီနဲ့ ဂျနီဇာတို့ရဲ့ကလေး ၂ ယောက်လည်း တက်ရောက်ခဲ့ပါတယ်။

တိုဘီနဲ့ ဂျနီဖာတို့က Universal Studio မှာ မှတ်တမ်းရုပ်ရှင် Seabiscuit ရိုက်ကူးတဲ့အချိန် ၂၀၀၃ ခုနှစ်မှာ တွေ့ဆုံခဲ့ကြတာပါ။ ၂၀၀၆ ခုနှစ် ဧပြီလမှာ စေ့စပ်ခဲ့ကာ ၂၀၀၇ ခုနှစ်စက်တင်ဘာမှာ လက်ထပ်ပြီးတော့ သူတို့ရဲ့သမီးလေး ရုဘီကို အဲ့ဒီနှစ်မှာပဲ ရခဲ့ပါတယ်။ သားဖြစ်သူ အိုတစ်ကိုတော့ ၂၀၀၉ ခုနှစ်မေလမှာ မွေးဖွားခဲ့ပါတယ်။ လက်ထပ်ပြီး ၉ နှစ်အကြာ ၂၀၁၆ ခုနှစ် အောက်တိုဘာမှာ လမ်းခွဲခဲ့ကြပြီး ၂၀၂၀ ခုနှစ် အောက်တိုဘာမှာ ကွာရှင်းခွင့်တင်ခဲ့ပါတယ်။ အခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့ကမှ သူတို့ တရားဝင်ကွာရှင်းပြီးသွားခဲ့ပါတယ်။

Ref: Tobey Maguire officiates ex-wife’s wedding

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top