ကျောင်းသူလေးတွေရဲ့ဂျပန်ခရီးစဉ်အတွက် ခရီးစရိတ်ပေးခဲ့တဲ့ ဟောင်ကောင်ရဲ့အချမ်းသာဆုံးသူဌေးကြီး

likaishing.jpg

ရှန်ဟိုင်းက ကျောင်းသူလေး (၄၅) ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အကအဖွဲ့ the Little Pigeon Dancing Group နဲ့ ဆရာမတွေက ဂျပန်နိုင်ငံရဲ့အကပြိုင်ပွဲကို သွားဖို့လုပ်နေကြတုန်း New Chitsoe Airport မှာ ဟောင်ကောင်မြို့ရဲ့ အချမ်းသာဆုံးသူဌေးကြီးနဲ့ အမှတ်မထင်တွေ့ဆုံမိခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံမှုက သူတို့အတွက် ကံကောင်းခြင်းလက်ဆောင်လို့ ပြောရမှာပါပဲ။

ဘာလို့အဲဒီလိုပြောရလဲဆိုရင် အဲဒီအချမ်းသာဆုံးသူဌေးကြီးက ကလေးတွေရဲ့ဂျပန်ခရီးစဉ်အတွက် ခရီးစရိတ်ပေးခဲ့လို့ပါပဲ။ အကအဖွဲ့ထဲက ကလေးတစ်ယောက်ရဲ့မိခင် Zhang Zhuoက သူဌေးကြီး Li Ka Shing က ကလေးတွေကို ခရီးစရိတ်ကော၊ လက်ဆောင်ဖိုးကော ပေးခဲ့တဲ့အတွက် အရမ်းပျော်နေတဲ့အကြောင်းကို လူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။

“ကလေးတွေက လေဆိပ်မှာ Li Ka Shing နဲ့အမှတ်မထင် တွေ့ဆုံခဲ့တာပါ။ အရမ်းပျော်ရွှင်နေခဲ့ပြီး ကလေးတွေနဲ့ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။ Li Ka Shing Foundationက အဖွဲ့ဝင်တစ်ယောက်က အကအဖွဲ့ကို ဆက်သွယ်ခဲ့ပြီး ဂျပန်ခရီးစဉ်အတွက် စပွန်ဆာပေးခဲ့ပါတယ်။ ကလေးတွေက သူဌေးကြီး ကျန်းမာပါစေလို့ ဗီဒီယိုရိုက်ပြီးဆုတောင်းပေးခဲ့ပါတယ်” လို့ Zhang Zhuoက Weiboအကောင့်မှာ ရေးသားခဲ့တာပါ။

အကဆရာမတွေထဲကတစ်ယောက်ကလည်း “လေဆိပ်မှာ ကလေးတွေကို မြင်ပြီးတဲ့နောက်မှာ အရမ်းပျော်ရွှင်တာကြောင့် ခရီးစဉ်အတွက် စပွန်ဆာပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ အရမ်းချမ်းသာပြီး ရက်ရောသလို ပရဟိတစိတ်လည်း ရှိပါတယ်” လို့ ဆိုပါတယ်။

အဲဒီဆရာမက ဘယ်လောက်လှူဒါန်းခဲ့လဲဆိုတာ မထုတ်ပြောပြခဲ့ပေမယ့် အခြားဆရာမတစ်ယောက်တင်ခဲ့တဲ့ ပို့စ်အရ ကလေးတစ်ယောက်ကို (အမေရိကန်ဒေါ်လာ ၂၇၀၀) နဲ့ အမေရိကန်ဒေါ်လာ (၁၂၀၀၀၀) လောက် လှူဒါန်းခဲ့တဲ့အပြင် ကလေးတွေ စိတ်ကြိုက်လက်ဆောင်ကိုလည်း ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

အသက် (၉၁) နှစ်အရွယ်ရှိပြီးဖြစ်တဲ့ ဟောင်ကောင်မြို့ရဲ့အချမ်းသာဆုံးသူဌေးကြီး Li Ka Shing ဟာ လက်ရှိမှာတော့ အမေရိကန်ဒေါ်လာ (၃၁.၇) ဘီလျံပိုင်ဆိုင်ထားတဲ့ (၂၈) ယောက်မြောက် ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးတစ်ယောက်ပါ။ သူဌေးကြီးက ၁၉၈၁ ခုနှစ်မှာ Shantou University ကို တည်ထောင်ပေးခဲ့သလို Li Ka Shing Foundation ကလည်း နိုင်ငံဖွဲ့ဖြိုးတိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ (၁.၄) ဘီလျံ လှူဒါန်းပြီးသွားပါပြီ။

Ref: NextShark “Hong Kong’s Richest Man Pays $120,000 for Students’ Trip to Japan After Meeting at the Airport”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top