ပြင်းထန်တဲ့ “စူပါအယ်လ်နီညို” (Super El Niño) ရဲ့ အပူဒဏ်ကြောင့် လာမယ့်ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀၀၀၀ ကျော် သေဆုံးနိုင်ခြေရှိတယ်လို့ သုတေသီတွေက ခန့်မှန်းထားပါတယ်။
အယ်လ်နီညိုဆိုတာ ပစိဖိတ်သမုဒ္ဒရာအလယ်ပိုင်းနဲ့ အရှေ့ပိုင်းက ပင်လယ်ရေပြင်အပူချိန်တွေ ပုံမှန်ထက် သိသိသာသာ ပိုမိုပူနွေးလာတဲ့ သဘာဝရာသီဥတုဖြစ်စဉ်တစ်ခု ဖြစ်ပေမဲ့ ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ပိုမိုဆိုးရွားလာပြီး ဒီနှစ် ကြုံတွေ့ရမယ့် အပူဒဏ်ဟာ ယခင်နှစ်တွေထက် ပြင်းထန်လို့ သိပ္ပံပညာရှင်တွေက “ဂေါ်ဇီလာအဆင့်” (Godzilla-level) လို့တောင် တင်စားထားကြပါတယ်။
လာမယ့် ခြောက်လအတွင်း အဆိုးရွားဆုံး ခံရမယ့်နိုင်ငံတွေကတော့ အပူပိုင်းဒေသနိုင်ငံတွေဖြစ်တဲ့ နိုင်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ ဆူဒန်၊ အိန္ဒိယနဲ့ ဘရာဇီးနိုင်ငံတို့ ဖြစ်ပြီး အာဖရိကမှ ဆာဟဲလ် (Sahel) ဒေသနဲ့ အရှေ့တောင်အာရှဒေသတွေဟာ အပြင်းထန်ဆုံး ခံစားရဖို့ ရှိနေပါတယ်။
အယ်လ်နီညိုကြောင့် စားနပ်ရိက္ခာ ထောက်ပံ့မှုတွေလည်း ထိခိုက်ပြီး လူပေါင်း သန်း ၅၀ လောက် ပြင်းထန်တဲ့ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရနိုင်ကာ ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးထားပါတယ်။
Ref: Huge El Niño projected to cause more than 450,000 deaths by February
NZ (ရိုးရာလေး)

