ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ်ကနေ ဘောရစ်ဂျွန်ဆင် နုတ်ထွက်မယ်

7-7-2022-13.jpg

ပြီးခဲ့တဲ့အင်္ဂါနေ့နောက်ပိုင်း ဗြိတိန်အစိုးရအဖွဲ့ကနေ ဝန်ကြီးတွေနဲ့ အစိုးရအဖွဲ့ဝင် ၅၇ ယောက် နုတ်ထွက်ခဲ့ပြီးနောက်မှာတော့ ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ကွန်ဆာဗေးတစ်ခေါင်းဆောင်သစ် ရွေးကောက်တင်မြှောက်ဖို့ ညီလာခံကျင်းပမယ့် လာမယ့်ဆောင်းဦးကာလအထိ ဗြိတိန်ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ကွန်ဆာဗေးတစ်ပါတီဝင်တွေပဲ တက်ရောက်ခွင့်ရတဲ့ လန်ဒန်မြို့က ကာလ်တန်ကလပ်မှာ ဗြိတိန်အစိုးရရဲ့ ဒုတိယစည်းမျဉ်းထိန်းသိမ်းရေးမှူး ခရစ္စပင်ချာက အမူးလွန်ပြီး အမျိုးသားနှစ်ယောက်ကို မဖွယ်မရာ ကိုင်ခဲ့ပါတယ်။ ခရစ်ပင်ချာဟာ အရင်ကလည်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့ စွပ်စွဲခံခဲ့ရဖူးပြီး ဘောရစ်ဂျွန်ဆင်ကလည်း ဒီအကြောင်းကို သိထားခဲ့ပါတယ်။ (ဒါပမေဲ့ အစောပိုင်းမှာတော့ ဒီအကြောင်းကို မသိခဲ့ဘူးလို့ ငြင်းခဲ့ပါသေးတယ်)

ဒါပေမဲ့ ခရစ္စပင်ချာက သူ့အမှားသူ ပြန်တောင်းပန်ခဲ့လို့ သူ့ကို ရာထူးမှာ ဆက်ခန့်ထားမယ်ဆိုတဲ့ အစိုးရသတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်က အုတ်အော်သောင်းနင်း ဖြစ်စေခဲ့ပြီး ဘောရစ်ဂျွန်ဆင်ရဲ့ အစိုးရဝန်ကြီးအဖွဲ့ကနေ ဝန်ကြီးတွေရော၊ အဖွဲ့ဝင်တွေရော အစုလိုက်အပြုံလိုက် နုတ်ထွက်ခဲ့ကြတာပါ။

ဘောရစ်ဂျွန်ဆင်ဟာ မကြာခင်အချိန်အပိုင်းအတွင်း မိန့်ခွန်းပြောဖို့ ရှိနေပါတယ်။ ဒီနေ့ နံနက်ပိုင်းမှာ ဗြိတိန်ဘုရင်မကြီးနဲ့ ဘောရစ်ဂျွန်ဆင် စကားပြောခဲ့သလားဆိုတာကိုတော့ ဘက်ကင်ဟမ်နန်းတော်က မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့ပါတယ်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top