Along with the gods ဇာတ်ကားနဲ့ မြန်မာပရိသတ်တွေ သိကြတဲ့ မင်းသား ဟာဂျွန်ဝူးနဲ့ မင်းသမီး ချာဂျွန်ဝန် တို့ဟာ အခုနှစ်ထဲမှာ လက်ထပ်တော့မှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၁၃ ရက်နေ့ကျ ဆိုးလ်မြို့ရှိ ဟိုတယ်တစ်ခုမှာ မင်္ဂလာပွဲကျင်းပသွားမှာဖြစ်ပြီး မင်္ဂလာပွဲကို လျှို့ဝှက်ကျင်းပမှာဖြစ်တယ်လို့ ဟာဂျွန်ဝူးရဲ့အေဂျင်စီက အောက်တိုဘာ၁၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
ဟာဂျွန်ဝူးက ၁၉၇၈ ခုဖွားဖြစ်ပြီး ချာဂျွန်ဝန်က ၁၉၈၉ ခုဖွားဖြစ်ပါတယ်။ သူတို့နှစ်ဦးက ၂၀၂၀ ခုနှစ်မှာ ချစ်သူတွေဖြစ်ခဲ့ကြပြီး အခုနှစ်အစောပိုင်းမှာ သူတို့ရဲ့ဆက်ဆံရေးကို ချပြခဲ့တာပါ။ အရင်ကလည်း မင်္ဂလာဆောင်မယ့်သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ အဲ့ဒီအချိန်တုန်းက နှစ်ဖက်စလုံးဟာ ဘာမှအတည်ပြုခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
Ref: Ha Jung Woo And Cha Jung Won Announce Marriage
WL (ရိုးရာလေး)

