ချစ်သူဖြစ်ခဲ့စဉ်က ဂျက်စတင် တင်းဘာလိတ်ခ် ရေးသားခဲ့တဲ့ သီချင်းကို အခုနှစ်မှ ထွက်ရှိလိုက်တဲ့ ဘရစ်တနီစပီးယား

Britney.png

ပေါ့ပ်အဆိုတော် ဘရစ်တနီစပီယားနဲ့ အဆိုတော်ဂျက်စတင် တင်းဘာလိတ်ခ်တို့ ချစ်သူတွေဖြစ်ခဲ့စဉ်က ဂျက်စတင်က ဘရစ်တနီအတွက် သီချင်းတစ်ပုဒ်ရေးပေးခဲ့ပါတယ်။ အဲ့ဒီသီချင်းကို အခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့မှာ ထွက်ရှိခဲ့ပါတယ်။

အစက ဂျက်စတင် ရေးသားထားတဲ့ She’ll Never Be Me သီချင်းကို ဘရစ်တနီရဲ့ ၂၀၀၁ ခုနှစ်အယ်လ်ဘမ် Britney အတွက် အသံသွင်းခဲ့တာပါ။ ဒါပေမဲ့ အပြီးသတ်မလုပ်ဆောင်ဖြစ်ခဲ့ဘဲ နောက်ဆုံးမှာ အယ်လ်ဘမ်ကနေ အဲ့ဒီသီချင်းကို ထုတ်လိုက်ရပါတယ်။ အခုတော့ Britney အယ်လ်ဘမ် ၂၅ နှစ်ပြည့်အထိမ်းအမှတ်တစ်စိတ်တစ်ပိုင်းအဖြစ် ထွက်ရှိနိုင်ခဲ့ပါပြီ။ ဂျက်စတင်က ဘရစ်တနီရဲ့သီချင်းအတွက် ပူးတွဲရေးသားခဲ့တဲ့အပြင် နောက်ခံအသံကိုလည်း ပါဝင်သီဆိုအသံသွင်းပေးခဲ့ပါတယ်။

သူတို့နှစ်ယောက်က Britney အယ်လ်ဘမ်ထွက်ရှိပြီး ၁ နှစ်အကြာ ၂၀၀၂ ခုနှစ်မှာ လမ်းခွဲခဲ့ကြတာပါ။ သူတို့နှစ်ဦးသာ ဆက်ပြီးတွဲခဲ့မယ်ဆိုရင် နှစ်ယောက်တွဲသီချင်းတစ်ပုဒ်ထွက်ဖြစ်မှာတော့ အသေအချာပါပဲ။

Ref: Britney Spears releases song written by Justin Timberlake while they were dating]

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top