ကမ္ဘာ့အသက်အကြီးဆုံး ရေလှိုင်းစီးသူအဖြစ် စံချိန်တင်ခဲ့တဲ့ ဂျပန်အဘိုးအို

3.4.2023-yyl-iamge-12.jpg

ဂျပန်အဘိုးအို ဆိုင်အိချီဆာနိုဟာ ကမ္ဘာ့အသက်အကြီးဆုံး ရေလှိုင်းစီးသူအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့ပါတယ်။ သူဟာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၈ ရက်က ရေလှိုင်းစီးချိန်မှာ အသက် ၈၈ နှစ်၊ ၂၈၈ ရက် အရွယ်ရှိနေပြီဖြစ်ပြီး ကမ္ဘာ့အသက်အကြီးဆုံး ရေလှိုင်းစီးသူ (အမျိုးသား)အဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့တာပါ။

ဆာနိုဟာ အသက် ၈၀ အရွယ်မှာ ဖူဂျီတောင်ထိပ်ကို တက်ရောက်နိုင်ခဲ့သူပါ။ အဲဒီနောက် သိပ်မကြာခင်မှာပဲ ရေလှိုင်းစီးရတာကို သဘောကျသွားပြီး ၃ ရက်စီး၊ ၃ ရက်နားပုံစံနဲ့ ရေလှိုင်းစီးခဲ့တာ ဖြစ်ပါတယ်။

Ref: 89-year-old Japanese man named world’s oldest surfer

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top