ဖခင်ဖြစ်သူနဲ့အသက်တူ ၇၃ နှစ်အရွယ်သူငယ်ချင်းကို လက်ထပ်ခဲ့တဲ့ ဟောင်ကောင်အော်ပရာမင်းသမီး

lo-wai-kwok-yemina-yu-marriage-tea-scaled.jpg

ဟောင်ကောင်က အော်ပရာမင်းသမီး ယိမီနာက သူ့ထက် အသက် ၄၁ နှစ်ကြီးတဲ့ လွှတ်တော်အမတ်ဟောင်း လျိုဝေကွက်နဲ့ လက်ထပ်ခဲ့ပါတယ်။ မင်္ဂလာပွဲကို အောက်တိုဘာ ၁၁ ရက်နေ့က ကျေးလက်အပန်းဖြေကလပ်မှာ ကျင်းပခဲ့ပြီး မိတ်ဆွေနဲ့ မိသားစုဝင် ၃၀၀ လောက်တက်ရောက်ခဲ့ပါတယ်။ အောက်တိုဘာ ၁၃ ရက်နေ့ကတော့ တရုတ်ရိုးရာဓလေ့ထုံးစံအတိုင်း ယောက္ခထီးဖြစ်သူကို လက်ဖက်ရည်တည်းခင်းနေတဲ့ပုံကိုလည်း တွေ့ရပါတယ်။

ဒီစုံတွဲက မေလကမှ သူတို့ရဲ့အချစ်ရေးကို လူသိရှင်ကြားထုတ်ပြောခဲ့တာပါ။ ယိမီနာက မူလတန်းကျောင်းသူဘဝကတည်းက ဖျော်ဖြေပွဲတစ်ခုမှာ လျိုနဲ့ စတင်တွေ့ဆုံခဲ့ဖူးတာပါ။ လျိုရဲ့ကွယ်လွန်သူဇနီးက သူတို့ကို မိတ်ဆက်ပေးခဲ့တာပါ။ လျိုက ယိမီနာရဲ့အသက် ၆၃ နှစ်အရွယ်အဖေနဲ့သူငယ်ချင်းတွေလည်းဖြစ်ပါတယ်။

Ref: Hong Kong opera star, 32, marries dad’s 73-year-old friend

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top