ငှက်ပျောသီးဝတ်စုံနဲ့ ဟီးရိုးဖြစ်သွားခဲ့တဲ့ အမျိုးသမီး

Hero2.png

အောက်တိုဘာလ ၂၄ ရက်၊ စနေနေ့ (၂၀၂၆) နံနက် ၄ နာရီဝန်းကျင်က ဖလော်ရီဒါပြည်နယ်၊ အော်လန်ဒိုမြို့ရှိ The Moderne လို့ခေါ်တဲ့ ဘားနှင့်စားသောက်ဆိုင်ရှေ့မှာ မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲ့ဒီနေ့က ဟောလိုဝင်းပါတီပွဲကနေ အပြန် လူငယ်စုံတွဲတစ်တွဲဖြစ်တဲ့ စတီဖနီ အိုရိုပီဇာ နဲ့ သူ့ချစ်သူတို့ဟာ လမ်းမှာ မော်တော်ယာဉ်တစ်စီး (SUV) ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ဆိုင်ရဲ့ပြင်ပစားသောက်နေရာထဲကို ဝင်တိုက်မိသွားတာကို တွေ့ရှိခဲ့ကြပါတယ်။

အဲ့ဒီအချိန်တုန်းက စတီဖနီဟာ ဟောလိုဝင်းပါတီအတွက် ကြီးမားတဲ့ ငှက်ပျောသီးဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပါတယ်။ တိုက်မှုဖြစ်ပွားတာနဲ့ သူတို့စုံတွဲဟာ ကားကိုချက်ချင်းရပ်ပြီး အကူအညီပေးဖို့ ဝင်ရောက်ခဲ့ကြပါတယ်။ သူနာပြုသင်တန်းတက်နေသူတစ်ဦးဖြစ်တဲ့ စတီဖနီက ယာဉ်မောင်းဖြစ်သူ အခြေအနေကောင်းမကောင်း ဝင်ရောက်စစ်ဆေးပေးခဲ့ပြီး အရေးပေါ် 911 ဖုန်းခေါ်ဆိုပြီးတော့ တာဝန်ရှိသူတွေဆီ ချက်ချင်းအကြောင်းကြားပေးခဲ့ပါတယ်။

ဆိုင်ရဲ့ လုံခြုံရေးကင်မရာ (CCTV) မှတ်တမ်းထဲမှာ ငှက်ပျောသီးဝတ်စုံနဲ့ လူတစ်ဦးက ဖုန်းကိုင်ပြီး အရေးပေါ်အကြောင်းကြားနေတဲ့ပုံစံ ပါရှိနေပြီး အဲဒီဗီဒီယိုဟာ အင်တာနက်ပေါ်မှာ လူပြောများသွားခဲ့ပါတယ်။ တချို့က ဒီဗီဒီယိုကို AI နဲ့လုပ်ထားတာလားလို့တောင် ထင်မှတ်ခဲ့ကြရတဲ့အထိပါပဲ။

ကားတိုက်မှုကြောင့် ဆိုင်ရဲ့ အပြင်ဘက် ပရိဘောဂတွေနဲ့ အကာအရံတွေ ထိခိုက်ပျက်စီးခဲ့ရပြီး ငွေကြေးဆုံးရှုံးမှု အတော်များခဲ့ပေမဲ့ အဲ့ဒီအချိန်က ဆိုင်ပိတ်ထားပြီး လူမရှိသေးတာကြောင့် ထိခိုက်ဒဏ်ရာရသူ လုံးဝမရှိခဲ့ပါဘူး။

နောက်ပိုင်းမှာ ဆိုင်ပိုင်ရှင်တွေနဲ့ တာဝန်ရှိသူတွေက ဒီလို အရေးပေါ်အခြေအနေမှာ တွန့်ဆုတ်မနေဘဲ လူသားချင်းစာနာစိတ်နဲ့ ဝင်ရောက်ကူညီပေးခဲ့တဲ့ ငှက်ပျောသီးဝတ်စုံနဲ့ ဟီးရိုး စတီဖနီကို ကျေးဇူးတင်တဲ့အနေနဲ့ ညစာဖိတ်ခေါ်ဧည့်ခံခဲ့ကြပါတယ်။ စတီဖနီကတော့ သူလုပ်ခဲ့တာဟာ ခက်ခဲချိန်မှာ လူသားတစ်ယောက်အနေနဲ့ အနည်းဆုံး လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တစ်ခုပါပဲလို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

Ref: Woman dressed as a banana saves the day

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top