သူစိမ်းအမျိုးသမီးတစ်ဦးရဲ့ကားကို (၅) မိုင်အထိ တွန်းပေးခဲ့ကြတဲ့ လူငယ်လေး (၃) ဦး

untitled-2.png

နိုင်အာဂရာ ရေတံခွန်အနီးနားမှာ နေထိုင်တဲ့ လူငယ်လေး (၃) ဦးအတွက် ညမိုးချုပ်တဲ့အထိ ရောင်းချတဲ့ ဒိုးနတ်ဆိုင်က လမ်းဘေးကယ်ဆယ်ရေးဖြစ်သွားခဲ့တာပါ။ သူစိမ်းတစ်ယောက်ရဲ့ကားကို အချိန်အကြာကြီး အိမ်အရောက် တွန်းပေးခဲ့ပြီးတဲ့နောက်မှာ အခုဆိုရင် အဲဒီလူငယ်လေးတွေက ဖေ့စ်ဘွတ်ခ်ပေါ်က တခြားသူတွေအတွက် စံနမူနာကောင်းဖြစ်လာခဲ့ပါတယ်။

အေရွန် မက်ကွိုင်လင် (Areon McQuillin)၊ ဘေလေး ကန်ဘယ်လ် (Bailey Campbell)၊ ဘီလီ တာဘတ်တ် (Billy Tarbett) ဆိုတဲ့ ဆယ်ကျော်သက်လူငယ်လေးတွေက မီးခိုးငွေ့တွေထွက်နေတဲ့ ကားရဲ့ဘေးမှာရပ်နေတဲ့ အမျိုးသမီးတစ်ဦးကို တွေ့ခဲ့ပါတယ်။ ကားအင်ဂျင်ပူနေတဲ့အတွက် အခုလိုဖြစ်ရတာဖြစ်ပြီး ဒီကားကို မောင်းသွားဖို့ အရမ်းလည်းအန္တရာယ်များတယ်ဆိုတာ သူတို့ ချက်ချင်းပဲ သိခဲ့ကြပါတယ်။

ကူညီပေးဖို့ ရပ်ပေးတဲ့ကားကလည်း ကြိုးနဲ့ဆွဲသွားဖို့ မဖြစ်နိုင်တဲ့အတွက် ဆယ်ကျော်သက်လူငယ်လေး (၃) ယောက်ထဲက (၁၅) နှစ်အရွယ် ကောင်လေးဘီလီက ကားကို တွန်းသွားမယ်လို့ ဆိုပါတယ်။ အမျိုးသမီးက အဲဒီနေရာနဲ့ (၅) မိုင်ကျော်ကျော်မှာ နေထိုင်တာပါ။

သူတို့ (၃) ဦးက နားတဲ့အခါ၊ ရေဆာတဲ့အခါ သောက်ဖို့ ရေဗူးတွေ ယူဆောင်လာခဲ့ပြီး (၅) မိုင်ခရီးကို စတင်ခဲ့တာပါ။ ကူညီပေးဖို့ ရပ်ပေးတဲ့ကားသမား မော်ရစ်ဆန် (Morrison) ကလည်း လုံခြုံစိတ်ချစွာနဲ့ အလင်းရောင်ရဖို့အတွက် သူတို့နောက်ကနေ ကားမီးထွန်းမောင်းပေးခဲ့ပါတယ်။

ဘေလေးက အခက်အခဲများစွာကိုလည်း ကြုံတွေ့ရတယ်လို့ လည်းဆိုပါတယ်။ နှစ်နာရီခွဲကျော်လောက် ကားတွန်းပြီးတဲ့နောက်မှာတော့ ကားကို အမျိုးသမီးရဲ့အိမ်ကို ပြန်ပို့ပေးနိုင်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးက သူတို့ကို ကျေးဇူးတင်ခဲ့သလို တအံ့တသြလည်း ဖြစ်ခဲ့ရပါတယ်။ သူတို့နဲ့ အပြန်အလှန်ပွေ့ဖက်ခဲ့ပြီး ခဏအနားယူပြီးတဲ့နောက်မှာ သူတို့ (၃) ဦးက အိမ်ကိုပြန်ခဲ့ကြပါတယ်။ အဲဒီအမျိုးသမီးရဲ့ နာမည်အပြည့်အစုံကိုတော့ သူတို့တွေ မသိခဲ့ရပါဘူး။

မီးထွန်းမောင်းပေးခဲ့တဲ့ ကားမောင်းသမား မော်ရစ်က ကားတွန်းပေးနေတဲ့ သူတို့ရဲ့ပုံတွေကို လူမှုကွန်ယက်အကောင့်မှာ တင်ခဲ့ပါတယ်။ အဲဒီပို့စ်က အရမ်းပေါက်ခဲ့ပြီး ဆယ်ကျော်သက်လူငယ်လေးတွေကို အကောင်းမြင်တဲ့ ချီးမွမ်းစကားကွန်မန့်တွေလည်း ပေးခဲ့ကြပါတယ်။

ကမ္ဘာပေါ်မှာ အမြင်စောင်းနေတဲ့သူတွေ အရမ်းများတဲ့အတွက် အကောင်းမြင်စိတ်ထားတတ်ဖို့ လိုအပ်ပါတယ်။ လူတစ်ယောက်က စိတ်ထားကောင်းကောင်းနဲ့ အကောင်းမြင်စိတ်ထားတတ်မယ်ဆိုရင် အရေးကြုံလာရင်တောင် ကူညီပေးမယ့်သူပေါ်လာပါလိမ့်မယ်။ ဘယ်သူမှ အရေးမကြုံနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ စာဖတ်ပရိသတ်တွေလည်း ဆောင်းပါးထဲက ဆယ်ကျော်သက်လူငယ်လေးတွေလို စိတ်ဓာတ်မျိုးထားနိုင်ကြပါစေ..။

Ref: CNN “When a woman’s car broke down, these teens pushed it five miles to her home”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top