စပိဒ်ကျူဘင်းလောကမှ အံ့ဖွယ်ပါရမီရှင်လေး

yiheng0.png

အသက် ၁၃ နှစ်အရွယ် တရုတ်ကျောင်းသားလေး ယိဟန်ဝမ်က ကမ္ဘာတစ်ဝှမ်းရှိ စပိဒ်ကျူဘင်း (Speedcubing) လောကရဲ့ နာမည်အကျော်ကြားဆုံး အံ့ဖွယ်ပါရမီရှင်လေးပါ။ ၂၀၁၃ ခုဖွား ယိဟန်က အသက် ၅ နှစ်အရွယ်မှာ သူ့မိခင်ကနေ ရူးဘစ်ပဟေဠိတုံးကစားနည်းကို စတင်သင်ကြားပေးခဲ့ရာမှ ဝါသနာပါလာခဲ့တာပါ။

သူ ပထမဆုံးပြိုင်ခဲ့တာက ၂၀၁၉ ခုနှစ် စက်တင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ ပထမဆုံးအကြိမ် World Cube Association (WCA) တရားဝင်ပြိုင်ပွဲပါ။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာတော့ သူဟာ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ် မတ်လက မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ ပြိုင်ပွဲမှာ 3x3x3 Average (ပျမ်းမျှ) အချိန် ၄.၆၉ စက္ကန့်နဲ့ ကမ္ဘာ့စံချိန်ကိုတင်ခဲ့ပါတယ်။ သူက တရားဝင်ပြိုင်ပွဲသမိုင်းမှာ 3x3x3 ရူးဘစ်တုံးကို ပျမ်းမျှဖြေရှင်းချိန် ၄ စက္ကန့်အောက်လျှော့ချနိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးလူသားဖြစ်လာခဲ့ပါတယ်။

အခုနှစ် မတ်လက ပြုလုပ်တဲ့ Beijing Spring Open 2026 ပွဲမှာ 3x3x3 Cube အမျိုးအစားမှာ ပျမ်းမျှ ၄.၃၇ စက္ကန့် (4.37s Average) နဲ့ ပထမဆု (ရွှေတံဆိပ်) ရရှိခဲ့ပါတယ်။ Maoming Open 2026 / Mid-Atlantic Championship 2026မှာတော့ 3x3x3 ပြိုင်ပွဲတွေမှာ ပျမ်းမျှ ၃.၄၄ စက္ကန့် နဲ့ ၄.၀၆ စက္ကန့် အသီးသီးဖြင့် ပထမဆုတွေကို ဆက်လက်ဆွတ်ခူးခဲ့ပါတယ်။ Zhanjiang Open 2026 ပွဲရဲ့ လက်တစ်ဖက်တည်းဖြေရှင်းတဲ့အမျိုးအစား (3×3 One-Handed) မှာ ၅.၈၅ စက္ကန့် နဲ့ အာရှစံချိန်သစ် (Asian Record Single) စိုက်ထူနိုင်ခဲ့ပါတယ်။

သူ့အတွက် အကြီးမားဆုံးသမိုင်းဝင်ပြိုင်ပွဲကတော့ Rubik’s WCA World Championship 2025 ပါ။ ဖိုင်နယ်ပွဲစဉ်မှာ ပျမ်းမျှ ၄.၂၃ စက္ကန့် နဲ့ ကမ္ဘာ့ချန်ပီယံရှစ် သမိုင်းတစ်လျှောက် အမြန်ဆုံး ပျမ်းမျှစံချိန်တင်ကာ ဗိုလ်စွဲခဲ့ပါတယ်။

ယိဟန်ဝမ်ရဲ့ အဓိကအားသာချက်က ရူးဘစ်တုံးကို စတင်မဖြေရှင်းမီ လေ့လာတဲ့စက္ကန့်ပိုင်းအတွင်း နောက်လာမယ့် လှုပ်ရှားမှုတွေကို တွက်ချက်နိုင်မှု စွမ်းရည်မြင့်မားတာနဲ့ ကစားပွဲအတွင်း စိတ်တည်ငြိမ်စွာနဲ့ လက်အမြန်နှုန်း (TPS) လျှပ်တစ်ပြက် မြှင့်တင်နိုင်တာတို့ပါ။

လက်ရှိမှာတော့ ယိဟန်က MoYu အမှတ်တံဆိပ် စပွန်ဆာနဲ့ ကမ္ဘာ့စပိဒ်ကျူဘင်းလောကမှာ စံချိန်များစွာကို ဆက်လက်ထိန်းချုပ်ထားသူတစ်ဦး ဖြစ်ပါတယ်။

Ref: Yiheng Wang champion competitive speedcuber from China

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top