စီးပွားရေးလုပ်ငန်းရှင်နဲ့ စူပါမော်ဒယ်ဟောင်း အသက် ၄၅ နှစ်အရွယ် ကင်ဂျာယွန်းက Samsung Electronics ရဲ့အကြံပေးပုဂ္ဂိုလ်၊ Harman International ရဲ့ ဥက္ကဋ္ဌဖြစ်သူ အသက် ၇၀ အရွယ် ဆွန်ယွန်းဂွမ်နဲ့ လက်ထပ်လိုက်ပါတယ်။ ဆွန်ယွန်းဂွမ်က Samsung Electronics ရဲ့ ဥက္ကဋ္ဌဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။
နိုဝင်ဘာလ ၁ ရက်နေ့က ကင်ဟာ လူမှုကွန်ရက်စာမျက်နှာမှာ “အားလုံးပဲ… ကျွန်မ လက်ထပ်လိုက်ပါပြီ!” လို့ ရေးသားကာ သူ့ရဲ့လက်ထပ်လိုက်တဲ့သတင်းကို ကြေညာခဲ့တာပါ။ သူက သူအနေနဲ့ တစ်သက်လုံး တစ်ယောက်တည်း နေသွားမယ်လို့ အမြဲတွေးထင်ထားခဲ့တာလို့ ဆိုပါတယ်။ အခုလိုလက်ထပ်လိုက်ရလို့ သူကိုယ်တိုင်လည်း အံ့ဩမိကြောင်းနဲ့ သူ့ဘဝရဲ့လက်တွဲဖော်အစစ်အမှန်ကို ရှာတွေ့သွားပြီလို့လည်း ပြောပါတယ်။
သူတို့နှစ်ဦးက မာဆာချူးဆက်နည်းပညာတက္ကသိုလ်ကျောင်းဆင်းတွေဖြစ်ကြပြီး အဲ့ဒီ တက္ကသိုလ်ကတစ်ဆင့် အပြန်အလှန် သိကျွမ်းခွင့်ရခဲ့ကြတာပါ။ သူတို့တွေ့ဆုံခဲ့တာက နှစ်ခန့် ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ပိုမိုရင်းနှီးလာခဲ့ကြပြီး၊ အခုနှစ်အစောပိုင်းမှာ တစ်ဦးအပေါ်တစ်ဦး ရှိနေတဲ့ ခံစားချက်တွေကို ဖွင့်ဟပြောဆိုခဲ့ကြတာပါ။ အဲ့ဒီအချိန်ကစပြီး သူတို့က အမေရိကန်၊ ကိုရီးယားနဲ့ ဥရောပနိုင်ငံတွေဆီ အတူတကွ ခရီးသွားလာခဲ့ကြပြီး၊ တစ်ဦးနဲ့တစ်ဦးရဲ့ဘဝနေထိုင်မှုပုံစံတွေကို နားလည်လေးစားလာခဲ့တယ်လို့ ဆိုထားပါတယ်။
သူတို့ရဲ့မင်္ဂလာပွဲကို ဆွစ်ဇာလန်နိုင်ငံ၊ လူဆာန်ရေကန်ရှိ Bürgenstock Resort မှာ မိသားစုဝင်တွေနဲ့ပဲ ရိုးရှင်းစွာ ကျင်းပခဲ့ပါတယ်။
Ref: ‘I finally met the one’: Korean ex-supermodel, 45, marries 70-year-old ex-Samsung Electronics president
WL (ရိုးရာလေး)

