သိုးအုပ်တစ်အုပ်က ဆေးခြောက် ၁၀၀ ကီလိုဂရမ်ကို မတော်တဆ စားမိခဲ့

29.9.23-yyl-၂.jpg

ဂရိနိုင်ငံ၊ Almyros မြို့အနီးနားမှာ သိုးအုပ်တစ်အုပ်က ဖန်လုံအိမ်အတွင်း စိုက်ပျိုးထားတဲ့ ဆေးခြောက် ၁၀၀ ကီလိုဂရမ်နီးပါးကို စားမိခဲ့ပါတယ်။ နောက်မှ သိုးထိန်းသမားက သိုးတွေ ဆေးခြောက်တွေ စားမိတယ်ဆိုတာတွေ့ရှိခဲ့တဲ့အချိန် သိုးတွေ ထူးထူးဆန်းဆန်းပြုမူနေတာကို သတိထားမိခဲ့တာပါ။ မုန်တိုင်းတိုက်ခတ်မှုကြောင့် ရေလွှမ်းမှုကို တိမ်းရှောင်လာရင်း အခုလိုဖြစ်သွားခဲ့တာပါ။

“ကျွန်တော် ရယ်ရမလား၊ ငိုရမလားမသိတော့ဘူး။ အပူလှိုင်းဒဏ်လည်းခံရတယ်။ ရေလွှမ်းဒဏ်လည်းခံရတယ်။ ကျွန်တော်တို့ အရာအားလုံးဆုံးရှုံးလုနီးပါးဖြစ်ခဲ့တယ်။ သိုးအုပ်က ဖန်လုံးအိမ်ထဲဝင်ပြီး ရှိနေတဲ့အရာကို စားခဲ့ကြတယ်။ ဘာပြောရမှန်းမသိတော့ဘူး”လို့ သိုးထိန်းက ပြောပါတယ်။

ဆေးခြောက်က ဂရိနိုင်ငံမှာ ၂၀၁၇ ခုနှစ်ကတည်းက ဆေးဖက်ဆိုင်ရာရည်ရွယ်ချက်တွေအတွက် တရားဝင်ဖြစ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်မှာ ဂရိနိုင်ငံက ပထမဆုံးဆေးခြောက်ထုတ်လုပ်တဲ့စက်ရုံကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာအသုံးပြုဖို့ စိုက်ပျိုးတာက နိုင်ငံအတွက် များစွာလိုအပ်တဲ့ စီးပွားရေးအခွင့်အလမ်းတွေကို ပေါ်ပေါက်စေခဲ့တယ်လို့ မီဒီယာတွေက ဖော်ပြပါတယ်။

Ref: Herd Of Sheep Accidentally Eats 100 Kg Of Cannabis In Greece

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top