နာရီအတော်ကြာအောင် Plank ထောက်ပြီး ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တဲ့ အမျိုးသမီး

dana_thumb.jpg

Plank ထောက်တဲ့ လေ့ကျင့်ခန်းကို လူတိုင်းကြားဖူးကြမှာပါ။ Plankထောက်တယ်ဆိုတာ ဒိုက်ထိုးတာနဲ့ ခပ်ဆင်ဆင်ပါပဲ။ Plankထောက်မယ့်သူက ဒိုက်ထိုးတဲ့အနေထားမျိုးမှာ  ခန္ဓာကိုယ်နဲ့တန်းတူ လက်တွေ၊ ခြေထောက်တွေကို ဆန့်ထားပြီး ခေါင်းကို အောက်ငုံ့ထားရတဲ့ လေ့ကျင့်ခန်း ဖြစ်ပါတယ်။ Plank ထောက်ဖူးတဲ့သူတိုင်း ဒီလေ့ကျင့်ခန်းက ဘယ်လောက် ခက်ခဲလည်းဆိုတာ သိကြပါတယ်။

ကြမ်းပြင်ကို တံတောင်ဆစ်တွေ၊ ခြေချောင်းတွေနဲ့ အချိန်အကြာကြီး ထိထားဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ Plankထောက်တဲ့သူတွေက မိနစ်အနည်းငယ်ကြာတာနဲ့ သူတို့ရဲ့ခြေထောက်တွေ၊ လက်တွေ တုန်ရီလာတာပါပဲ။ အချိန်အကြာကြီး လုပ်နိုင်တဲ့သူ ရှားပါတယ်။

ဒါပေမဲ့ ဒါနာ ဂလိုဝါကာ (Dana Glowacka) ဆိုတဲ့ အမျိုးသမီးက ဘယ်သူမှ အကြာကြီးမလုပ်နိုင်တဲ့ Plankထောက်တာကို (၄) နာရီနဲ့ မိနစ် (၂၀) ကြာအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အတွက် ကမ္ဘာ့စံချိန်အသစ် တင်သွားခဲ့ပါတယ်။

ဒါနာက (၃) နာရီနဲ့ မိနစ် (၃၀) ကြာ Plankထောက်ခဲ့တဲ့ သူ့ရဲ့အရင်စံချိန်ကို ရိုက်ချိုးပစ်နိုင်ခဲ့တာဖြစ်ပါတယ်။ သူက ယောဂလို လေ့ကျင့်ခန်းတွေကနေ ကြံ့ခိုင်သန်မာလာအောင် လုပ်ဆောင်ခဲ့တာဖြစ်ပြီး သူ ပထမဆုံး Plank ထောက်စဉ်က (၄) မိနစ်သာ စွမ်းဆောင်နိုင်ခဲ့တယ်လို့လည်း ဖွင့်ဟထားပါတယ်။

Ref: GMS “Dana Glowacka raises the women’s planking world-record to over four hours”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top