ဘောလိဝုဒ်နာမည်ကျော်မင်းသမီး ကာရီနာ ကပူးကို တွေ့လိုက်ရင် အမြဲ ဖက်ရှင်အမိုက်စားတွေနဲ့ပါပဲ။ ဒီဒီပါဝလီပွဲမှာတော့ ကာရီနာက မင်းမျိုးမင်းနွယ်ဆန်တဲ့ ကျက်သရေရှိမှုကို ဖော်ပြဖို့ ဆုံးဖြတ်ခဲ့ကြပြီး တော်ဝင်ဆန်တဲ့ ဖက်ရှင်စတိုင်လ်ပုံစံတွေကို ဖန်တီးပြသခဲ့တာပါ။
ကာရီနာဟာ ပူနီ့ဘလာနာ (Punit Balana) ရဲ့ ကဖ်တန် (kaftan) ဝတ်စုံနဲ့ ခေါင်းပေါင်းကို ဝတ်ဆင်ခဲ့တာကြောင့် လူမှုကွန်ရက်မှာ ရေပန်းစားခဲ့ပေမယ့် ကာရီနာ ဝတ်ဆင်ခဲ့တဲ့ မြဆွဲသီးက လူအများကို ပိုပြီးဆွဲဆောင်နိုင်ခဲ့ပါတယ်။ အဲ့ဒီဆွဲသီးက ကာရက် ၃၀ ရှိပါတယ်။ အဲ့ဒီဆွဲသီးဟာ မူလက ဘိုဟွန်းဘက်ဂမ် (Begum of Bhopal)(အိန္ဒိယနိုင်ငံအလယ်ပိုင်းရှိ ဘိုပေါလ် ပြည်နယ်ကို ၁၈၁၉ ခုနှစ်မှ ၁၉၂၆ ခုနှစ်အထိ နှစ်ပေါင်း ၁၀၇ နှစ်ကြာ ဆက်တိုက်အုပ်ချုပ်ခဲ့ကြသောဘုရင်မ) ပိုင်ဆိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Ref: Kareena Kapoor’s 30-Carat Emerald, Once Owned By The Begum Of Bhopal, Steals The Spotlight On Diwali
WL (ရိုးရာလေး)

