ဆံပင်ကျွတ်ရောဂါ (Alopecia) ကြောင့် ငယ်စဉ်ကတည်းက စိတ်အားငယ်ခဲ့ရတဲ့ ချစ်သူအတွက် ဆံပင်အတု လုပ်ပေးခဲ့ဖို့ ကိုဒီအန်းနစ်က ၄ နှစ်ကြာ ဆံပင်အရှည်ထားခဲ့ပါတယ်။
မစ်ရှီဂန်ပြည်နယ်မှာ နေထိုင်တဲ့ ကိုဒီအန်းနစ်ရဲ့ချစ်သူ ဟန်နာဟိုစကင်ဟာအသက် ၇ နှစ်အရွယ်ကတည်းက ဆံပင်ကျွတ်ရောဂါ ခံစားခဲ့ရပြီး လူကြားထဲ သွားလာချိန်တိုင်း ယုံကြည်မှုရှိစေဖို့ ဆံပင်တု စွပ်ရသူပါ။

“မင်းအတွက် ဆံပင်အရှည်ထားပေးရင် ဘယ်လောက်အရှည် လိုချင်လဲ” လို့ ကိုဒီက မေးတဲ့အခါ ဟန်နာက စနောက်ပြီး “လက်မ ၃၀ လောက်ပေါ့” လို့ ပြန်ဖြေခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် မေလမှာတော့ ကိုဒီက ဆံပင်အရှည် စထားခဲ့ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာတော့ ၂၉ လက်မ အထိ ဆံပင်ရှည်လာခဲ့ပါတယ်။
ကိုဒီက သူ့ဆံပင်တွေကို ဖြတ်ပြီး ဒေါ်လာ ၉၀၀ နီးပါး အကုန်အကျခံကာ ဟန်နာအတွက် သီးသန့်ဆံပင်တု ဖန်တီးပေးခဲ့တာပါ။ ကိုဒီအနေနဲ့ ဟန်နာအတွက် ဆံပင်တုတစ်ခု အလွယ်တကူ ဝယ်ပေးလို့ရပေမဲ့ သူ့ချစ်သူ ယုံကြည်မှုရှိရှိ ဝတ်ဆင်နိုင်ပြီး အမြဲအမှတ်တရ ဖြစ်နေစေဖို့ အခုလို လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။
Ref:A devoted boyfriend spent almost four years growing his hair so he could turn it into a wig for his girlfriend
NZ (ရိုးရာလေး)

