ဝမ်ဖေးဟုန်နဲ့ ခိုင်းနှိုင်းခံရတဲ့ တိုင်းရင်းဆေးသမားတော် တဖြစ်လဲ UFC ဖိုက်တာ ရှီမင်း

wan.jpg

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ နေထိုင်တဲ့ မိန်းကလေးငယ် ရှီမင်း(Shi Ming) ဟာ တရုတ်တိုင်းရင်းဆေးသမားတော်ဖြစ်သလို UFC ပြိုင်ပွဲဝင် ဖိုက်တာတစ်ယောက်လည်း ဖြစ်တာကြောင့် ဝမ်ဖေးဟုန်နဲ့ ခိုင်းနှိုင်းခံရသူပါ။

ရှီမင်းရဲ့ အဘိုးအဘွားတွေက တရုတ်တိုင်းရင်းဆေးပညာရှင်တွေဖြစ်သလို ရှီမင်းကလည်း ယူနန်တိုင်းရင်းဆေးတက္ကသိုလ်မှာ အပ်စိုက်ကုထုံး၊ အကြောပြင်အနှိပ်ပညာ အထူးပြုနဲ့ ဘွဲ့ရရှိခဲ့သူပါ။ ကူမင်းမြို့မှ ဆေးရုံတစ်ခုမှာ နာတာရှည်နာကျင်မှုနဲ့ လေဖြတ်ဝေဒနာရှင်တွေကို အပ်စိုက်ကုထုံးနဲ့ ကုသပေးနေတာ ဖြစ်ပါတယ်။

တဖက်မှာလည်း သူငယ်စဉ်ကတည်းက ဝါသနာပါတဲ့ ကိုယ်ခံပညာကို လိုက်စားရင်း ၂၀၁၅ ခုနှစ်က အသက် ၂၁ နှစ်အရွယ်မှာ ပရော်ဖက်ရှင်နယ် MMA လောကထဲ ဝင်ရောက်ခဲ့သူပါ။

မိဘတွေက သူ့ကို တိုင်းရင်းဆေး သမားတော်ပဲ ဖြစ်စေချင်တာကြောင့် MMA ဖိုက်တာ လုပ်နေတာကို နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့ မကာအိုမှာ ကျင်းပတဲ့ Road to UFC ပြိုင်ပွဲ ဗိုလ်လုပွဲမှာတော့ ပြိုင်ဘက် ဖန်ရှောင်ချန်းကို အလဲထိုးအနိုင်ယူပြီး UFC စာချုပ်နဲ့ ဆုကြေးငွေ ဒေါ်လာ ၅၀,၀၀၀ ရရှိခဲ့ပါတယ်။ အဲဒီသတင်း ပျံ့နှံ့သွားမှသာ သူ့မိဘတွေက ရှီမင်းရဲ့ ဖိုက်တာဘဝကို သိသွားခဲ့ပြီး သူ့ကို အားပေးဂုဏ်ပြုခဲ့ကြပါတယ်။

ရှီမင်းဟာ လက်ရှိအချိန်ထိ ပရော်ဖက်ရှင်နယ် MMA ပွဲပေါင်း ၂၄ ပွဲ ထိုးသတ်ထားရာမှာ ၁၈ ပွဲနိုင်၊ ၆ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားသူပါ။

Ref: Shi Ming

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top