Good Luck Charlie meme ပုံနဲ့ နာမည်ကြီးတဲ့ ကလေးမလေးက အထက်တန်းကျောင်းတက်ပြီ

25.8.23-yyl-4.jpg

လူမှုကွန်ယက်ပေါ်မှာ အရင်က ခေတ်စားခဲ့တဲ့ Meme ပုံတွေထဲက ကလေးတွေက အခုအချိန်မှာ အရွယ်ရောက်နေကြပါပြီ။ Good Luck Charlie meme အဖြစ် နာမည်ကြီးတဲ့ ပန်းရောင်ဝတ်စုံနဲ့ ကလေးမလေးကို သိကြမှာပါ။ အဲဒီကလေးမလေးက မီယာ တာလဲရီကိုပါ။ လူမှုကွန်ယက်အသုံးပြုသူတွေက သူ့နာမည်ကို သိကြမှာတော့မဟုတ်ပါဘူး။ သူ ငယ်ငယ်က ရိုက်ခဲ့တဲ့ ရှိုးတစ်ခုထဲက ဇာတ်ဝင်ခန်းပုံက Meme အဖြစ် နာမည်ကြီးသွားခဲ့တာပါ။

မီယာက Good Luck Charlie အမည်ရတဲ့ ရှိုးတစ်ခုမှာ Charlie Duncan အဖြစ်ပါဝင်ခဲ့တာပါ။ အဲဒီရှိုးကို ၂၀၁၀ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ Disney Channel မှာ ပြသခဲ့တာပါ။ အဲ့ဒီရှိုးမှာ ပန်းရောင်ဝတ်စုံဝတ်ဆင်ထားတဲ့ မီယာက မျက်နှာပြောင်စပ်စပ်နဲ့ လက်နှစ်ဖက် မြှောက်နေတဲ့အခိုက်အတန့်က meme ပုံဖြစ်သွားခဲ့ပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက Good Luck Charlie ရှိုးကို မကြည့်ဖူးရင်‌တောင် သူ့ရဲ့ meme ပုံလေးကိုတော့ မြင်ဖူးကြမှာပါ။

အခုဆို မီယာက အထက်တန်းကျောင်းတက်နေပါပြီ။ သူ အထက်တန်းကျောင်းတက်နေတယ်ဆိုတာကို သူ့ရဲ့လူမှုကွန်ယက်အကောင့်မှာ ပုံတင်ပြီး အသိပေးခဲ့တာပါ။ အခုအပတ်မှာ ကိုးတန်းတက်နေပြီဆိုတာကို ပြသနေတဲ့ ကျောက်သင်ပုန်းအသေးလေးကို ကိုင်ထားတဲ့ သူ့ရဲ့ပုံကို မီယာက တင်ခဲ့တာပါ။

Ref: The toddler from iconic Good Luck Charlie meme has started high school

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top