အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ သန်းကျော် ရှိလာ

7-8-2020-yyl-009.jpg

အိန္ဒိယနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ သန်းကျော်ရှိတဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ရက် ၂၀ အတွင်းမှာပဲ ကူးစက်ခံရသူ တစ်သန်းရှိခဲ့ပြီး အဲဒီနှုန်းဟာ အမေရိကန်၊ ဘရာဇီးနိုင်ငံတွေထက် ပိုမြန်နေပါတယ်။ အိန္ဒိယနိုင်ငံမှာ ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ရောဂါစမ်းသပ်မှုတွေကို သိသိသာသာ တိုးမြှင့်ဆောင်ရွက်ခဲ့ပေမဲ့ ပြည်နယ်တစ်ခုချင်းစီလိုက် အခြေအနေတွေ ကွာခြားပါတယ်။ ကူးစက်မှုမြင့်မားတဲ့ နေရာသစ်တွေကနေ အတည်ပြုလူနာတွေ မြင့်တက်နေပေမဲ့ အိန္ဒိယနိုင်ငံကတော့ ပိတ်ဆို့မှုတွေကို ပြန်ဖွင့်နေပါတယ်။

ဒါပေမဲ့ ပြည်နယ်တချို့မှာတော့ ကန့်သတ်မှုတွေ ချမှတ်ထားပါတယ်။ မကြာသေးခင် ထုတ်ပြန်ခဲ့တဲ့ စည်းမျဉ်းတွေအရ တချို့မြို့တွေ၊ ခရိုင်တွေမှာ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ပြီး ပိတ်ဆို့မှုလုပ်လိုက်၊ ပြန်ဖွင့်လိုက် စတဲ့ အခြေအနေရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၂,၁၇၀ ယောက်ရှိခဲ့ပြီး စုစုပေါင်း အတည်ပြုလူနာ ၂,၀၂၅,၄၀၉ ယောက် ရှိခဲ့ပါတယ်။ လူဦးရေ ၁.၃ ဘီလျံရှိတဲ့ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၀,၇၀၀ ယောက် ရှိခဲ့ပြီး သေဆုံးသူအများဆုံးစာရင်းမှာ အဆင့်(၅)နေရာ ရပ်တည်နေပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top