စွန့်ပစ်ထားတဲ့ ကျောင်းကားတစ်စီးကို ဆွဲဆောင်မှုရှိလှတဲ့ တည်းခိုစရာ နေရာအဖြစ် ပြောင်းလဲလိုက်တဲ့အခါ

8-7-2020-yyl-035.jpg

မလိုအပ်ဘဲ ပစ်ထားတဲ့ပစ္စည်းတွေက နောက်ပိုင်းမှာအသုံးဝင်လာတတ်တယ်ဆိုတာကို ဒီအကြောင်းအရာလေးက ပြောပြနေပါတယ်။ Rumah No.2, University of Malaya (UM) လို့ခေါ်တဲ့ အိမ်ခြံဝင်းမှာ စွန့်ပစ်ထားတဲ့ မာလာယ တက္ကသိုလ်ရဲ့ ကျောင်းဘတ်စ်ကား တစ်စီးရှိပါတယ်။ အဲဒီဘတ်စကားကို ဧည့်သည်တွေလာရောက်ငှားရမ်း တည်းခိုလို့ရတဲ့နေရာအဖြစ် ပြောင်းလဲပစ်ခဲ့ပါတယ်။ မာလာယ တက္ကသိုလ်ရဲ့ ဒုတိယအဓိပတိဟောင်းက အဲဒီအိမ်ကို လာလည်စဉ်က စွန့်ပစ်ထားတဲ့ဘတ်စ်ကားကို မြင်တွေ့ပြီး ကားက အသုံးပြုလို့မရတော့ဘူးလားလို့မေးမြန်းကာ အိမ်ခြံဝင်းမန်နေဂျာတွေကို ပြန်လည်မွမ်းမံဖို့ အကြံပေးခဲ့ပါတယ်။

အဲဒီနောက်မှာ ဘတ်စ်ကားက လူတွေ နေလို့ရနိုင်တဲ့ အိမ်အဖြစ် လုံးဝကို ပြောင်းလဲပစ်ခဲ့ပါတယ်။ ဘတ်စ်ကားပုံတွေကို တက္ကသိုလ်ရဲ့ပေ့ချ်မှာ တင်ထားခဲ့ပြီး အဲဒီနောက်မှာ လူမှုကွန်ယက်အသုံးပြုသူတွေ သိသွားခဲ့ကြပါတယ်။ Rumah No.2 ခြံဝင်းမှာ တည်ရှိနေဆဲဖြစ်တဲ့ အဲဒီဘတ်စ်ကားမှာ တည်းခိုဖို့အတွက် ဧည့်သည်တွေကို ခွင့်ပြုထားပါတယ်။ အဲဒီကားအနီးနားမှာ ဥယျာဉ်လည်းရှိတဲ့အတွက် ဧည်သည့်တွေက သဘာဝတရားကို ခံစားပြီး နားခိုလို့ရပါတယ်။ ဥယျာဉ်ထဲမှာ ယုန်နဲ့ ကြက်အနည်းလည်းရှိပါတယ်။

ဒါ့အပြင် ဘတ်စ်ကားထဲမှာ သက်တောင့်သက်သာ အနားယူနိုင်ဖို့အတွက် လိုအပ်တဲ့ အိပ်ရာ၊ မီးဖိုခန်း၊ အလုပ်လုပ်လို့ရတဲ့နေရာ၊ လေအေးစက်အပါအဝင် ပစ္စည်းတော်တော်များများလည်း ရှိပါတယ်။ ဒါပေမဲ့ အိမ်သာကတော့ ဘတ်စ်ကားကနေ ခြေလှမ်းအနည်းငယ်သွားရတဲ့ အိမ်မှာ ရှိပါတယ်။ Rumah No.2 က တက္ကသိုလ်အပြင်ဘက် ညဘက်ခြမ်းမှာတည်ရှိပြီး ပိတ်ရက်တွေမှာ တစ်ထပ်အိမ်ကို ပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးပရောဂျက်အတွက် ရုံးချုပ်အဖြစ် အသုံးပြုခဲ့ကြပါတယ်။ တစ်ထပ်အိမ်က အခန်းတစ်ခန်းကိုလည်း တည်းခိုခန်းအဖြစ် ပြောင်းလဲထားပါတယ်။ အိမ်ခန်းငှားရမ်းမှုကနေ ရလာတဲ့ငွေကြေးတွေကို ပရောဂျက်ရန်ပုံငွေအဖြစ် အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဘတ်စ်ကားက ရှော့ပင်းမောလ်အနည်းငယ်၊ စားသောက်ဆိုင်အများကြီးနဲ့ တက္ကသိုလ်ဆေးရုံနားမှာ တည်ရှိတဲ့အတွက် ဘတ်စ်ကားရဲ့တည်နေရာက အတော်လေးတော့ မိုက်ပါတယ်။ ဒါပေမဲ့ နေရာကတော့ တိတ်ဆိတ်ငြိမ်သက်ပါတယ်။ အများပြည်သူသုံးဘတ်စ်ကားနဲ့ လည်း လာလို့ရပြီး ဘတ်စ်ကားမှာ ပြင်ဆင်ထားတဲ့အခန်းရဲ့ ဈေးနှုန်းက အရမ်းကြီးဈေးမကြီးပါဘူး။ တစ်ညတည်းခိုစရိတ်က အခွန်မပါဘဲ ရင်းဂစ် ၉၀ လို့ သိရပါတယ်။

Ref: This Abandoned UM Bus Was Transformed Into An Airbnb & It’s Absolutely Stunning!

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top