တောင်ကိုရီးယားနိုင်ငံ မိုတယ်တစ်ခုမှာ မြန်မာအလုပ်သမားတစ်ဦး သေဆုံးလျက်တွေ့ရှိ

ohio-1-4.png

တောင်ကိုရီးယားနိုင်ငံ Bupyeong မြို့ရှိ မိုတယ်အခန်းတစ်ခုအတွင်း မြန်မာအလုပ်သမားတစ်ဦးကို သေဆုံးလျက် တွေ့ရှိခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံရှိ မြန်မာသံရုံး၊ အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်လိုက်ပါတယ်။
ဦးပြည့်ဖြိုးအောင်ကို အသက်(၃၂) နှစ်ကို ဇူလိုင်လ (၃၁) ရက် ည (၁၁) နာရီခွဲခန့်က မိုတယ်တစ်ခုအတွင်း သေဆုံးလျက်တွေ့ရှိခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးပြည့်ဖြိုးအောင် သေဆုံးမှု နှင့်ပတ်သက်၍ ဒေသဆိုင်ရာရဲစခန်းက COVID-19 ရှိ၊ မရှိ နဲ့ ရင်ခွဲစစ်ဆေးရန် ဆိုးလ်မြို့သို့ ရုပ် အလောင်းပို့ဆောင်စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ သေဆုံးသူမှာ တောင်ကိုရီးယားနိုင်ငံမှာ ယခုနှစ်ကုန်ပိုင်းအထိ အလုပ်လုပ်ကိုင်နိုင်တဲ့ သက်တမ်းရှိသော တရားဝင်လုပ်သားတစ်ဦး ဖြစ်ပါတယ်။ ဒီသေဆုံးမှုဟာ တောင်ကိုရီးယားနိုင်ငံမှာ ဒီနှစ် (၇) လအတွင်း သုံးဦးမြောက် မြန်မာ အလုပ်သမား သေဆုံးခြင်းဖြစ်ပါတယ်။

ချယ်ရီ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top