မြန်မာပြည်မှ သက် ၁၈ နှစ်အရွယ် ကိုမောင်မောင်ဦးရဲ့ အံ့မခမ်း 3D လက်ရာများ

3d.gif

ကိုမောင်မောင်ဦးဟာ ငယ်ရွယ်စဉ် ကတည်းက 3D ပညာကို စိတ်ပါဝင်စား ခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ သင်တန်းလည်း မတက်ဘဲ အင်တာနက် ကနေ လေ့လာပြီး 3D များကို ဆွဲခဲ့တာ ခုဆိုရင် တော်တော်လေး ခရီးပေါက်နေပါပြီ။

လူငယ်လည်း လူငယ်တစ်ယောက် ဖြစ်ပြီး အားရင် အားသလို သူများ ဆွဲထားတာတွေကို လေ့လာကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် ပုံတူ ခဲပန်းချီများလည်း ဆွဲဖြစ်တယ်လို့ ကိုမောင်မောင်ဦးက ပြောပါတယ်။
3D ပန်းချီပညာကိုတော့ သူအနေနဲ့ အဆုံးမရှိတဲ့ ခရီးလိုပဲ ရှေ့လျောက်ပြီး အများကြီး ဖန်တီးသွားမှာပါလို့ ရိုးရာလေးကို ပြောပါတယ်။

ဒါ့အပြင် သူဟာ စာရွက်ပေါ်မှာ ဖန်တီးတာထက် လမ်းမပေါ်များ နံရံပေါ်များမှာ ဖန်တီးနိုင်အောင်လည်း ကြိုးစားသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဝါသနာတူ လူငယ်များကိုလည်း ကြိုးစားပါလို့ သူ့အနေနဲ့
အကြံပြု ပြောကြား သွားခဲ့ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top