US မှာ COVID-19 ကြောင့် သေဆုံးသူဦးရေ (၂၄) ရာခိုင်နှုန်း တိုးလာ

6-8-2002-yyl-011.jpg

အမေရိကန်နိုင်ငံမှာ အရင်အပတ်တွေထက်ယှဉ်ရင် ပြီးခဲ့တဲ့အပတ်မှာ COVID-19 လူနာသစ်ဦးရေ (၉) ရာခိုင်နှုန်းလျော့နည်းခဲ့ပေမယ့် ပြီးခဲ့တဲ့ (၇) ရက်အတွင်းမှာ သေဆုံးသူ ဦးရေ (၂၄) ရာခိုင်နှုန်းတိုးလာခဲ့တယ်လို့ သိရပါတယ်။ COVID-19 နဲ့ပတ်သက်တဲ့ဒေတာတွေကတော့ Centers for Disease Control and Prevention က ရယူထားတာဖြစ်ပါတယ်။ ဇူလိုင်လ ၂၁ ရက်နေ့ကတည်းက တစ်ရက်ကို (၁၀၀၀) ကျော် သေဆုံးခဲ့တယ်လို့ ဒေတာအချက်အလက်တွေက ပြသနေပါတယ်။ ဇူလိုင် ၂၉ ရက်နေ့မှာ သေဆုံးခဲ့တဲ့ဦးရေ (၁၄၇၇) က အများဆုံးအရေအတွက်ဖြစ်ပါတယ်။ ဇွန်လအကုန်ကစပြီး သေဆုံးသူဦးရေက တဖြည်းဖြည်းနဲ့များလာခဲ့တာဖြစ်ပါတယ်။

မနေ့ကအထိဆိုရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်နိုင်ငံမှာ သေဆုံးသူဦးရေ (၁၅၇၄၀၀) ကျော် ရှိပါတယ်။ ဒါက ကမ္ဘာတစ်ဝှမ်းမှာ သေဆုံးခဲ့တဲ့ဦးရေ (၇၀၂၃၃၀) ရဲ့ လေးပုံတစ်ပုံနီးပါးဖြစ်နေပါပြီ။ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၄.၇) သန်းကျော်ရှိပြီး ဘရာဇီးနိုင်ငံမှာတော့ ကူးစက်ခံရသူ (၂.၈) သန်းရှိနေပါပြီ။ ကိုရိုနာဗိုင်းရပ်စ်လူနာအများဆုံးပြည်နယ် (၃) ခုကတော့ ကယ်လီဖိုးနီးယား၊ ဖလော်ရီဒါ၊ တက္ကဆပ်ပြည်နယ်တို့ဖြစ်ပါတယ်။ ဖလော်ရီဒါပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ (၅၀၀၀၀၀)၊ လူနာအသစ် (၅၄၉၅) ဦး၊ သေဆုံးသူအသစ် (၂၂၅) ဦးရှိခဲ့တယ်လို့ ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ထားပါတယ်။

Ref: U.S. COVID-19 deaths rose 24% last week, but new cases decreased

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top