ကြွယ်ဝချမ်းသာမှုအများစုကို လှူဒါန်းမယ်လို့ ကတိကဝတ်ပြုခဲ့တဲ့ ဒီဂျစ်တယ်ဘဏ်တည်ထောင်သူ

11-8-2021-yyl25.jpg

ကမ္ဘာ့အကြီးဆုံးဒီဂျစ်တယ်ဘဏ် Nubank ရဲ့တည်ထောင်သူ ဒေးဗစ် ဗီလက်ဇ် (David Velez) ဟာ လူမှုရေးပြဿနာတွေဖြေရှင်းတဲ့နေရာမှာ ကူညီပေးဖို့အတွက် သူ့ရဲ့ကြွယ်ဝချမ်းသာမှုအများစုကို လှူဒါန်းသွားမယ်လို့ ကတိကဝတ်ပြုကာ the Giving Pledge မှာ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

ဒေးဗစ်နဲ့ သူ့ဇနီး မာရီရယ် ရီရယ်စ် (Mariel Reyes) တို့က ပရဟိတအလုပ်အတွက် သူတို့ရဲ့ကြွယ်ဝချမ်းသာမှုအများစုကို ပေးအပ်သွားမှာဖြစ်တယ်လို့ ထုတ်ပြန်ပြောကြားခဲ့တာပါ။ ဒေးဗစ်က Nubank မှာ ဒေါ်လာ ၆ ဘီလျံတန်တဲ့ ရှယ်ယာတစ်ခုကို ပိုင်ဆိုင်ထားတာပါ။ ကိန်းဂဏန်းအတိအကျကိုတော့ လူသိရှင်ကြားထုတ်ပြထားခြင်းမရှိသလို သူ့ရဲ့အသားတင်ဝင်ငွေနဲ့ပတ်သက်ပြီး သုံးသပ်ချက်ပေးဖို့လည်း ငြင်းဆိုခဲ့ပါတယ်။

ဒေးဗစ် ကတိကဝတ်ပြုပြီး လက်မှတ်ထိုးခဲ့တဲ့ The Giving Pledge ကို ပရဟိလုပ်ငန်းတွေလုပ်ဆောင်ဖို့အတွက် ဝါရင် ဘတ်ဖတ် (Warren Buffett)၊ ဘီလ် ဂိတ် (Bill Gates) နဲ့ သူ့ဇနီး မီလင်ဒါ ဖရန်ချ် ဂိတ် (Melinda French Gates) တို့က ၂၀၁၀ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာပါ။ မာ့ခ် ဇူကာဘာ့ဂ် (Mark Zuckerberg)၊ ပရစ်စီလာ ချန် (Priscilla Chan) အပါအဝင် လူ (၂၀၀) ကျော်က the Giving Pledge မှာ လက်မှတ်ရေးထိုးထားကြပါတယ်။ The Giving Pledge က အမေရိကန်၊ ဉရောပ၊ အာရှနိုင်ငံတွေက ဘီလျံနာတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။

“ကျွန်တော် ဒါကို ဖွံ့ဖြိုးနေဆဲလို့ မျှော်လင့်နေပေမဲ့ လက်တင်အမေရိကန်မှာ အတော်လေး တိုးတက်ဖွံ့ဖြိုးနေတာပါ။ အရင်မျိုးဆက်တွေက ဒါကို လမ်းကြောင်းတစ်ခုလို့ မမြင်ခဲ့ကြဘူး။ သူတို့က မိသားစုတစ်စုတည်ထောင်ပြီး သူတို့ရဲ့ကလေးတွေကို လက်ဆင့်ကမ်းဖို့အတွက် ပိုပြီးအာရုံစိုက်ခဲ့ကြတယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမဲ့ လူငယ်မျိုးဆက်သစ်တွေမှာတော့ ဒါက ပြောင်းလဲနေတယ်လို့ ကျွန်တော်ထင်တယ်”လို့ ဒေးဗစ်က အင်တာဗျူးတစ်ခုမှာ ပြောကြားထားပါတယ်။ ဒေးဗစ်တို့စုံတွဲက ကလေး (၃) ဦးရှိပြီး သူ့ရဲ့ကလေးတွေကို ကြွယ်ဝချမ်းသာမှုတွေ ချန်ထားပေးကာ ပရဟိတလုပ်ငန်းတွေလုပ်ဆောင်ဖို့ လက်ဆင့်ကမ်းပေးချင်ခဲ့တာပါ။

ဒေးဗစ်က ပုဂ္ဂလိကအစုရှယ်ယာလုပ်ငန်းမှာ လုပ်ကိုင်ပြီးနောက် ၂၀၁၃ မှာ ဒီဂျစ်တယ်ဘဏ်ဖြစ်တဲ့ Nubank ကို တည်ထောင်ခဲ့တာပါ။ ရည်ရွယ်ချက်ကတော့ လက်တင်အမေရိကန်လူမျိုးတွေကို စျေးသက်သာပြီး ဗျူရိုကရေစီနည်းလမ်းကျတဲ့ ငွေရေးကြေးထုတ်ကုန်တွေဆီ credit card တွေနဲ့ စတင်ပြီး ဝင်ရောက်ရှာဖွေနိုင်စေဖို့ပါပဲ။ Nubank က customer သန်း ၄၀ ကျော်အထိ ကြီးထွားလာခဲ့ပြီး Buffett’s Berkshire Hathaway Inc ပါဝင်ခဲ့တဲ့ ရန်ပုံငွေရှာဖွေမှုတစ်ခုမှာ မကြာသေးမီက ဒေါ်လာ ၃၀ ဘီလီယံတန်ဖိုးရှိခဲ့ပါတယ်။

လက်ဒေးဗစ်ရဲ့ဇနီး မာရီရယ်ကလည်း ဆင်းရဲတဲ့အမျိုးသမီးတွေကို ကွန်ပျူတာပရိုဂရမ်ရေးဆွဲနည်းသင်ကြားပေးနေတဲ့ အစိုးရအဖွဲ့မဟုတ်တဲ့အဖွဲ့အစည်းကို ဉီးဆောင်နေပါတယ်။

Ref: Bloomberg “Digital Bank Founder Worth $6 Billion to Donate Most of Fortune


WL (ရိုးရာလေး)”

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top