တန်ဖိုးကြီးကား ၉ စီး တင်ဆောင်လာတဲ့ လော်ရီကားတိမ်းမှောက်လို့ ထိခိုက်မှုတန်ဖိုး ပေါင်သန်းချီ ရှိ

25.8.23-yyl-23.jpg

တန်ဖိုးကြီး ကားတွေကို သယ်ဆောင်လာတဲ့ လော်ရီကားတစ်စီး တိမ်းမှောက်ခဲ့လို့ ထိခိုက်ပျက်စီးမှုတန်ဖိုး ပေါင်သန်းချီ ရှိခဲ့ပါတယ်။ အဲဒီလော်ရီကားပေါ်မှာ မာစီးဒီးစ်၊ Aston Martin၊ BMW၊ လမ်ဘော်ဂီနီ အစရှိတဲ့ တန်ဖိုးကြီးကားတွေ တင်ဆောင်လာတာဖြစ်ပြီး သြဂုတ်လ ၂၃ ရက်က ဗြိတိန်နိုင်ငံ ကန့်မြို့မှာရှိတဲ့ A20 လမ်းပေါ်မှာ တိမ်းမှောက်ခဲ့တာပါ။

ဒီဖြစ်ရပ်မှာ လော်ရီကားယာဉ်မောင်းက ထိခိုက်ဒဏ်ရာ အနည်းငယ်သာ ရခဲ့ပေမဲ့ တန်ဖိုးကြီးကားတွေ ထိခိုက်ပျက်စီးတာကို ကြည့်ပြီး တုန်လှုပ်ချောက်ခြားနေတာကို ရုပ်သံမှတ်တမ်းမှာ တွေ့ရပါတယ်။ လော်ရီကားပေါ်မှာ တန်ဖိုးကြီးကား ၉ စီး တင်ဆောင်လာတာဖြစ်ပြီး အနီရောင် Lamborghini Huracan ကားတစ်စီးတည်းရဲ့ တန်ဖိုးတင် ပေါင် ၁ သိန်းခွဲဝန်းကျင် ရှိပါတယ်။ Aston Martin DB11 ကားကလည်း ပေါင် ၁ သိန်းခွဲဝန်းကျင် တန်ကြေးရှိပြီး အနက်ရောင် Jaguar F Type ကားကတော့ တန်ဖိုး ပေါင် ၆ သောင်းကျော် တန်ကြေးရှိပါတယ်။

Ref: Lorry carrying supercars tips over causing millions of damage

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top