ဆီးနှင်းတွေဖုံးလွှမ်းနေတဲ့ ဆာဟာရသဲကန္တာရ

19-2-2022-yyl7.jpg

အပူချိန် ရေခဲမှတ်အောက် ကျဆင်းသွားပြီးနောက် ဆာဟာရသဲကန္တာရမှာ ဆီးနှင်းတွေ ဖုံးလွှမ်းခဲ့ပါတယ်။ အပူချိန် (၅၈) ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့ဖူးတဲ့ ကမ္ဘာ့အကြီးဆုံး သဲကန္တာရမှာ ဆီးနှင်းဖုံးလွှမ်းခဲ့တာဟာ ကြုံတောင့်ကြုံခဲဖြစ်စဉ်ပါ။

ဇန်နဝါရီလ ၁၇ ရက်က အယ်လ်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း အိန်းဆီဖရာမြို့ သဲကန္တာမြို့မှာ ရေခဲနဲ့ ဆီးနှင်းဖုံးလွှမ်းနေတဲ့ အံ့အားသင့်စရာဓာတ်ပုံတွေကို ဓာတ်ပုံဆရာ ဘူချီတာတာက ရိုက်ခဲ့တာပါ။

ညဉ့်သန်းခေါင်ယံအချိန်ကျရင် ဆာဟာရသဲကန္တာရမှာ အပူချိန် ရေခဲမှတ်အောက် ကျဆင်းလို့ ဆီးနှင်းကျပေမဲ့ မနက်ရောက်ရင်တော့ အပူချိန်မြင့်တက်လာလို့ ဆီးနှင်းတွေ ပျောက်ကွယ်သွားလေ့ရှိပါတယ်။

ဆာဟာရသဲကန္တာရထဲမှာ ဆီးနှင်းကျတာကို အိန်းဆီဖရာမြို့ကနေ မြင်တွေ့ရတာဟာ ၄၂ နှစ်အတွင်း ပဉ္စမအကြိမ်မြောက်ဖြစ်ပါတယ်။ ကန္တာရတံခါးဝလို့ လူသိများတဲ့ အိန်းဆီဖရာမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၀၀၀ အကွာမှာ တည်ရှိပြီး အက်တလက်စ်တောင်တန်းတွေ ဝိုင်းရံထားတဲ့မြို့ပါ။

မြောက်အာဖရိကဒေသ အများစုကို ဖုံးလွှမ်းထားတဲ့ ဆာဟာရသဲကန္တာရဟာ ပြီးခဲ့တဲ့ နှစ်ရာပေါင်းများစွာမှာ အပူချိန်နဲ့ စိုထိုင်းဆ ပြောင်းလဲမှုတွေ ကြုံတွေ့ခဲ့ရပြီး လက်ရှိအချိန်မှာ အလွန်အမင်း ခြောက်သွေ့နေပေမဲ့ လာမယ့်နှစ်ပေါင်း ၁၅၀၀၀ ဝန်းကျင်မှာ တစ်ကျော့ပြန်စိမ်းလန်းလာမယ်လို့ မျှော်လင့်ထားကြပါတယ်။

Ref: Dailymail ” SNOW falls in the SAHARA: Ice blankets the dunes in rare desert phenomenon after temperatures plummeted overnight”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top