ဆယ့်လေးနှစ်တိတိ ဆံပင်အရှည်ထားခဲ့တဲ့ ရုရှားအမျိုးသမီး

CEN_RussianRapunzel_07-e1551104150859.jpg

ရုရှားနိုင်ငံတောင်ပိုင်း အယ်လ်တီ ခရိတ်ဒေသ၊ ဘာလ်နိုး မြို့တော်မှာ နေထိုင်တဲ့ အသက် ၂၇ အရွယ် ရုရှားအမျိုးသမီး ဒါရီရာ ဂူဘနိုဗာ (Daria Gubanova) ဟာ ဆံပင် အရှည်ထားခဲ့တာ ဆယ့်လေးနှစ်ရှိခဲ့ပါပြီတဲ့။ လွန်ခဲ့တဲ့ ဆယ့်လေးနှစ်က သူမရဲ့ သူငယ်ချင်းတစ်ယောက်ဟာ ဒါရီရာ အနေနဲ့  ဆံပင်ကို ကျစ်လို့ရတဲ့ထိတောင် ဆံပင်အရှည်ထားနိုင်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ ထိုသူငယ်ချင်းနဲ့ အလောင်းအစားလုပ်တဲ့ အနေနဲ့ သူမက ဆံပင်အရှည်စထားဖြစ်ခဲ့တာပါ။

အခုလို ဆံပင် အရှည်ထားခဲ့တာ ဆယ့်လေးနှစ်ရှိခဲ့တဲ့နောက်မှာတော့ သူမဟာ ဆံပင် အရှည်ကြီးနဲ့ ဒစ်စနေ ကာတွန်းဇာတ်ကောင် Rapunzel လိုမျိုးလှပပြီး ခေတ်သစ် Rapunzel ဖြစ်နေခဲ့ပါပြီ။ ဒါရီရာ ရဲ့ ဆံပင်တွေဟာ အခုအချိန်မှာဆိုရင် ခြေကျင်းဝတ်အထိ ရှိနေခဲ့ပြီဖြစ်ပြီး သူမကတော့ သူမရဲ့ ဆံပင်ကို ခြေချောင်းတွေထိရောက်အောင် ထားမယ်လို့ ဆိုပါတယ်။ သူမက သူမကို သူများတွေပြောနေကြသလို ဆံပင်လုံးဝမညှပ်ခဲ့တာတော့ မဟုတ်ပဲ နှစ်နှစ်ကို တစ်ကြိမ်လောက်တော့ တစ်ဆယ် စင်တီမီတာကနေ ဆယ့်ငါး စင်တီမီတာခန့် အနားတွေတိခဲ့တယ်လို့ ဆိုပါတယ်။ သူမရဲ့ ဆံပင်က အခုဆိုရင် တစ်မီတာခွဲ (ခြောက်ပေနီးပါး) ရှည်လျားပြီး သူမဆံပင်ကို  ထိန်းသိမ်းရာမှာ ဓာတုဗေဒ ပစ္စည်းတွေကို အသုံးမပြုပါဘူးတဲ့။

Social media မှာ ဒါရီရာ ဟာ Follower ပေါင်း 218k (218,000) ရှိသူဖြစ်ပြီး သူမကို ချစ်ခင်သူတွေများစွာရဲ့ အချစ်တွေကို ရရှိထားသူပါ။ သူမရဲ့ Instagram မှာလဲ ပုံပေါင်း ၆၀၀ ကျော်တင်ထားပြီး သူမရဲ့ အလွန်လှပတဲ့ ဓာတ်ပုံတွေကို ချီးကျူးသူ အလွန်ကို များပြားပါတယ်။ သူမရဲ့ ဆံပင်အလှကို ချီးကျူးသူ အလွန်များပြီး သူမလို ဆံပင်အရှည်ထားဖို့ ကြိုးစားသူတွေ၊ သူမရဲ့ဆံပင်အလှကို အားကျသူတွေကိုလည်း သူမရဲ့ အကောင့်မှာ ဒုနဲ့ ဒေး တွေ့ရပါသတဲ့။

Ref: Daily Mail: Russian woman who stopped cutting her hair for a bet is dubbed a real life Rapunzel after growing it out for 14 years

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top