စူပါလူသားဖြစ်စေမည့် gene များအား စာရင်းပြုစုနေသည့်သိပ္ပံပညာရှင်မှ အကြောင်းရင်းကိုရှင်းပြခဲ့

8-15-2018-SportsandGenes-final.jpg

ဟားဗက်မှသိပ္ပံပညာရှင်တစ်ဦးဖြစ်သူ George Church ဟာ စူပါလူသားဖြစ်စေဖို့အတွက် gene များရဲ့ အားသာချက်၊ အားနည်းချက်များကို စာရင်းပြုစုနေပါတယ်။

ကောင်းကျိုးများသာဖြစ်စေမယ့် gene များကိုရွေးပြီး လူတစ်ယောက်မှာ CRIPSR နည်းနဲ့ gene ပြုပြင်လိုက်မယ်ဆိုရင် သူဟာ သာမန်လူများထက် သိသိသာသာ စွမ်းဆောင်ရည်မြင့်မားသူဖြစ်နေပါလိမ့်မယ်

Gene တစ်ခုချင်းစီရဲ့ အားသာချက်များကိုသိတာကြောင့် ကောင်းကျိုးများသာဖြစ်စေမယ့် gene များကိုရွေးပြီး လူတစ်ယောက်မှာ CRIPSR နည်းနဲ့ gene ပြုပြင်လိုက်မယ်ဆိုရင် သူဟာ သာမန်လူများထက် သိသိသာသာ စွမ်းဆောင်ရည်မြင့်မားသူဖြစ်နေပါလိမ့်မယ်။ ဒီစာရင်းကိုကြည့်ရတာဟာ ဗီဒီယိုဂိမ်းတစ်ခုမှာပါဝင်တဲ့ skill tree ကို ကြည့်ရတာနဲ့တူပါတယ်။ ဘာကြောင့် ဒီလိုစာရင်းပြုစုနေရသလဲဆိုတဲ့အကြောင်းအရင်းကို Futurism က Church ဆီ ဆက်သွယ်မေးမြန်းခဲ့ရာမှာ အကြောင်းပြန်ခဲ့တယ်လို့သိရပါတယ်။

Futurism ရဲ့ ဖော်ပြချက်အရ Church က သူအခုလိုလုပ်နေရခြင်းဟာ နောက်ဆယ်စုနှစ်များမှာ မျိုးရိုးဗီဇနဲ့သက်ဆိုင်တဲ့ဆေးပညာအရင်းအမြစ်တို့ရဲ့ ကုန်ကျစရိတ်များကိုလျှော့ချနိုင်ပြီး လူတော်တော်များများက သူတို့နဲ့ သက်ဆိုင်ရာ genome sequence များကို ပိုင်ဆိုင်နိုင်စေဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

ကောင်းကျိုးဖြစ်စေတဲ့ gene များကိုသိရှိခြင်းဟာ အနာဂတ်မှာ လူများအပေါ်မူတည်ပြီး ပိုမိုအကျိုးရှိစေမယ့်ဆေးများ ဖော်စပ်နိုင်မှာဖြစ်တာကြောင့် မလိုအပ်တဲ့ဆေးကုသစရိတ်များမရှိနိုင်တော့

Phenotype (gene များ တစ်ခုနှင့်တစ်ခု ဆက်နွယ်အလုပ်လုပ်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးသက်ရောက်မှု) များဟာ အကောင်းအဆိုး (၂) ဖက်စလုံးမှာ ဘယ်လိုအသုံးဝင်မလဲဆိုတာကိုသိရှိနိုင်မယ်လို့ သူက ယုံကြည်နေကြောင်း Church က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် သူဟာ သူ့ရဲ့ စာရင်း spreadsheet ထဲမှာ ကောင်းကျိုးကော ဆိုးကျိုးပါ လေ့လာထည့်သွင်းထားခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ကောင်းကျိုးဖြစ်စေတဲ့ gene များကိုသိရှိခြင်းဟာ အနာဂတ်မှာ လူများအပေါ်မူတည်ပြီး ပိုမိုအကျိုးရှိစေမယ့်ဆေးများ ဖော်စပ်နိုင်မှာဖြစ်တာကြောင့် မလိုအပ်တဲ့ ဆေးကုသစရိတ်များမရှိနိုင်တော့ပဲ သက်သာစေမှာဖြစ်တယ်လို့ သူက ပြောကြားခဲ့ပါတယ်။

gene များရဲ့ ကောင်းကျိုးဆိုးကျိုးများအကြောင်း ကွဲကွဲပြားပြားသိရှိခြင်းဟာ ကျွန်တော်တို့ ဆေးပညာချဉ်းကပ်ပုံကို ပြောင်းလဲစေ

အခုလို gene များရဲ့ ကောင်းကျိုးဆိုးကျိုးများအကြောင်း ကွဲကွဲပြားပြားသိရှိခြင်းဟာ ကျွန်တော်တို့ ဆေးပညာချဉ်းကပ်ပုံကို ပြောင်းလဲစေမှာဖြစ်တဲ့အပြင် အနာဂတ်မှာ gene ပြုပြင်ထားတဲ့ ခန္ဓာအစိတ်အပိုင်းအစားထိုးမှုများကိုပါပြုလုပ်စေနိုင်ဖို့အတွက် လမ်းကြောင်းဖွင့်ပေးနိုင်မှာဖြစ်တယ်လို့ သူက ယုံကြည်နေပါတယ်။

တစ်ချိန်တည်းမှာပဲ အခုလို အနာဂတ်လူသားများဟာ gene ပြုပြင်ခြင်းကို လုပ်ဆောင်ခြင်းအားဖြင့် ကောင်းကျိုးများရှိလာလိမ့်မယ်လို့ ဘာကြောင့်တွေးထင်ရသလဲဆိုတဲ့မေးခွန်းကိုတော့ သူက ပြန်လည်ဖြေကြားထားခြင်းမရှိသေးပါဘူး။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top