အမေဇုန်မျိုးစိတ် ကင်းမြီးကောက်အဆိပ်ထဲမှ မော်လီကျူးက ရင်သားကင်ဆာဆဲလ်ကို တိုက်ဖျက်နိုင်စွမ်း ရှိ

cancer.jpg

အမေဇုန်တောထဲမှ ကင်းမြီးကောက် Brotheas amazonicus ရဲ့ အဆိပ်ထဲမှ ‌မော်လီကျူးဟာ ရင်သားကင်ဆာဆဲလ်ကို တိုက်ဖျက်နိုင်စွမ်းရှိတယ်လို့ ဘရာဇီး သိပ္ပံပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

FAPESP Week France ကင်ဆာသုတေသန ညီလာခံမှာ တင်ပြခဲ့တဲ့ ကနဦးရလဒ်တွေအရ BamazScplp1 လို့ အမည်ပေးထားတဲ့ အဆိပ်မှထုတ်ယူထားတဲ့ ဒြပ်ပေါင်းဟာ ကင်ဆာဆဲလ်တွေကို ပေါက်ကွဲ၊ သေဆုံးစေနိုင်တဲ့ နီခရိုဆစ် (necrosis) ဆဲလ်သေဆုံးမှု ဖြစ်စေနိုင်တယ်လို့ ဖော်ပြထားပါတယ်။

သုတေသီတွေဟာ စမ်းသပ်မှုလုပ်နိုင်မယ့် ဇီဝလှုပ်ရှားမှုရှိသော မော်လီကျူးတွေ ရရှိစေဖို့အတွက် အဆိပ်ကနေ ထုတ်ယူထားတဲ့ မျိုးဗီဇတွေကို ဆဲလ်ထဲ ထိုးသွင်းတဲ့ heterologous expression နည်းလမ်းကို အသုံးပြုတာ ဖြစ်ပါတယ်။

Heterologous expression နည်းလမ်းအရ သိပ္ပံပညာရှင်တွေဟာ ဇီဝလှုပ်ရှားမှုရှိတဲ့ မော်လီကျူးတွေ၊ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ၊ အခြားဇီဝအစိတ်အပိုင်းတွေထဲမှာ မော်လီကျူးအများအပြား ထုတ်လုပ်ခြင်းအားဖြင့် မျိုးကွဲတွေ ဖြစ်ပေါ်လာနိုင်မလားဆိုတဲ့ စမ်းသပ်မှုတွေကိုလည်း သဘောပေါက် နားလည်လာနိုင်မှာ ဖြစ်ပါတယ်။

Ref: Amazonian Scorpion Venom Can Kill Breast Cancer Cells, Scientists Say

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top