အိန္ဒိယရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကား

49351465_2029307907154291_1588167945580707840_n.jpg

ဒါရိုက်တာ ဩရသ ရိုက်ကူးပုံဖော်ထားတဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားက မြန်မာ့ဓလေ့နဲ့ ဘာသာတရားကို အနက်ရှိုင်းဆုံး ဖော်ပြနိုင်ခဲ့ပြီး ဒီရုပ်ရှင်ကားကို တစ်နိုင်ငံလုံးကပရိသတ်တွေအားပေးခဲ့သလို ထိုင်းနိုင်ငံမှာ ပြသချိန်မှာလည်း တစ်ခဲနက်အားပေးခဲ့ကြပါတယ်။

 

နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပါဝင်ယှဉ်ပြိုင်ရင်း ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာကျင်းပမယ့် Asian Cinematography Awards ပြိုင်ပွဲရဲ့ ရှေ့ပြေး လစဉ်ပြိုင်ပွဲတွေထဲမှာ မေလအတွက် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကိုလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၀ မှာ မနီလာမြို့မှာကျင်းပမယ့် ရုပ်ရှင်ပွဲတော်မှာ ပြသယှဉ်ပြိုင်ရမယ့်ဇာတ်ကားစာရင်းထဲ တရားဝင် ရွေးချယ်ခံလိုက်ရပါတယ်။

ရုပ်ရှင်ဖန်တီးသူနဲ့ ပါဝင်သရုပ်ဆောင်သူတွေကို အကယ်ဒမီဆုများစွာဆွတ်ခူးပေးခဲ့တဲ့ မုန်းစွဲက အိန္ဒိယနိုင်ငံကနေလည်း ထပ်မံဆုယူပေးနိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမှာကျင်းပတဲ့ Calcutta International Cult Film Festival (CICFF) မှာ မေလအတွက် အကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုနဲ့ ဒါရိုက်တာဆုကို မုန်းစွဲ ရုပ်ရှင်ဇာတ်ကားနဲ့ ရရှိခဲ့တာပါ။ ဆုတံဆိပ်နဲ့ လက်မှတ်ရရှိခဲ့တဲ့အတွက် လာမယ့် ၂၀၂၀ မှာကျင်းပမယ့် Golden Fox Awards ပြိုင်ပွဲမှာ တက်ရောက်ခွင့်ရမှာဖြစ်ပါတယ်။

“ဘယ်နိုင်ငံကချီးမြှင့်တဲ့ဆု ဖြစ်ပါစေ၊ အဲဒီနိုင်ငံက ရုပ်ရှင်ပညာရှင် အကဲဖြတ်အဖွဲ့နဲ့ ပရိသတ်အချို့ ကြည့်ရှုခံစားဖြစ်ကြတယ်ဆိုရင် မုန်းစွဲအဖွဲ့သားများကိုယ်စား မုန်းစွဲရဲ့ပဲ့ကိုင်သူ ဒါရိုက်တာတစ်ယောက်အနေနဲ့ ကျေနပ်ဂုဏ်ယူရပါတယ်” ဆိုပြီး ဒါရိုက်တာ ဩရသကေ ရေးသားဖော်ပြထားပါတယ်။

မြန်မာ့ရုပ်ရှင်ရဲ့ အနှစ်သာရကိုခံစားရစေတဲ့ မုန်းစွဲ ရုပ်ရှင်ဇာတ်ကားကြီးလည်း နိုင်ငံပေါင်းများစွာမှာပြသခွင့် ရရှိနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Ref: Kyaw Tun’s facebook, မုန်းစွဲ ရုပ်ရှင်ဇာတ်ကးကြီး official page
Alice May ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top