Samsung Myanmar ၏ Vocational Training ကို နေပြည်တော်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းတွင် စတင်ဖွင့်လှစ်

05.jpg

၂၀၁၃ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် လူမှုအကျိုးပြုလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိသည့် Samsung Myanmar သည် ယခုနှစ် Samsung Tech Institute အစီအစဉ်၏ Vocational Training အား နေပြည်တော်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် စတင်ဖွင့်လှစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ သင်တန်းမိတ်ဆက်ခြင်းနှင့် ဖွင့်ပွဲအခမ်းအနားအား နေပြည်တော် အစိုးရ နည်းပညာအထက်တန်းကျောင်းတွင် ဇွန်လ (၁၇) ရက်နေ့ နံနက် (၁၁) နာရီက ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ကျောင်းအုပ်ဆရာကြီး ဦးညိုချောနှင့် တာဝန်ခံဆရာ၊ ဆရာမများ၊ Samsung Myanmar မှ တာဝန်ရှိသူများ၊ သင်တန်းပို့ချမည့် တာဝန်ခံများနှင့် သင်တန်းတက်ရောက်မည့် ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ သင်တန်းတွင် မိုဘိုင်းဖုန်း လက်တွေ့အသုံးချပြုပြင်နည်းစနစ်များအား ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးအား ၂၀၁၉ ခုနှစ် ဇွန်လ (၁၇) ရက်နေ့မှ ဇူလိုင်လ (၁၇) ရက်နေ့အထိ တစ်လကြာစာတွေ့လက်တွေ့ ပို့ချသင်ကြားပေးသွားမည်ဖြစ်ပြီး ကျွမ်းကျင်နည်းပြဆရာများမှ အနီးကပ်သင်ကြားပေးသွားမည်ဖြစ်သည်။ သင်တန်းပြီးဆုံးချိန်တွင် ရေးဖြေစာမေးပွဲနှင့်တကွ အမှန်တကယ်တတ်မြောက်မှု ရှိ၊ မရှိ လက်တွေ့ဖြေဆိုခြင်း စာမေးပွဲများဖြင့် စစ်ဆေးမှုပြုလုပ်ကာ ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ အသီးအသီး ပေးအပ်ချီးမြင့်သွားမည် ဖြစ်သည်။

သင်တန်းဖွင့်ပွဲတွင် သင်တန်းသူ၊ သင်တန်းသားများအား မိုဘိုင်းလ်ဖုန်း ပြုပြင်ရေးဆိုင်ရာ သင်ထောက်ကူ ပစ္စည်းကိရိယာများအပြင်၊ Samsung တံဆိပ်ပါဝတီရှပ်များ၊ စာအုပ်များ၊ ဘောပင်များနှင့် လွယ်အိတ်များအား Samsung Myanmar မှ ပေးအပ်ခဲ့သည့်အပြင် သင်တန်းသူ၊ သင်တန်းသားများ၏ နေ့စဉ်အသုံးစရိတ်အဖြစ် တစ်ဦးလျှင် ငွေကျပ် (၁၃၀၀၀၀) စီ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

Samsung Myanmar မှ လုပ်ဆောင်လျက်ရှိသည့် လူမှုအကျိုးပြုအစီအစဉ်များအနက်မှ တစ်ခုဖြစ်သော Samsung Tech Institute ၏ Vocational Training ကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ အစိုးရနည်းပညာတက္ကသိုလ်များနှင့် အစိုးရနည်းပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအတွက် ၂၀၁၆ မှစတင်၍ ရန်ကုန်၊ မန္တလေး၊ တောင်ငူနှင့် လွိုင်ကော်မြို့များတွင် အောင်မြင်စွာဖွင့်လှစ်ပေးခဲ့ပြီး ယခုဆိုလျှင် (၇) ကြိမ်တိုင်ရှိခဲ့ပြီဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top