Doomsday Vault သို့မဟုတ် ကမ္ဘာ့အဆိုးဆုံးအခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားသောနေရာ

maxresdefault-5.jpg

သိပ္ပံစိတ်ဝင်စားသူများ ဆော့ဖူးမယ့် Stellaris ဆိုတဲ့ဂိမ်းထဲမှာ သက်တမ်းရင့်ဂြိုဟ်သားအဖွဲ့အစည်းတစ်ခုက လူသားမျိုးနွယ်မျိုးတုန်းခြင်းမဖြစ်ရအောင် မျိုးစိတ်များကို ထိန်းသိမ်းသိုလှောင်ဖို့ကြိုးစားခဲ့ပါတယ်။ အခု ကျွန်တော်တို့ လက်ရှိကမ္ဘာပေါ်မှာလဲ ဒီစိတ်ကူးယဉ်ဂိမ်းထဲက လုပ်နည်းလုပ်စဉ်နဲ့ ဆင်တူတဲ့လုပ်ရပ်တစ်ခုကို အမှန်တကယ်ပြုလုပ်နေပါတယ်။ ကွာခြားချက်ကြီးကြီးမားမားဆိုလို ဂိမ်းထဲကလို လူသားတို့ရဲ့ အရွယ်ရောက်ပြီး ခန္ဓာများကို သိုလှောင်ခြင်းမဟုတ်တာဘဲ ရှိပါတယ်။

Svalbard Global Seed Vault (SGSV) လို့ အမည်ရတဲ့ သိုလှောင်ခန်းကြီးဟာ ကမ္ဘာပေါ်က အစေ့များအားလုံးကို ၂၀၀၈ ခုနှစ်ကစတင်လို့ တတ်နိုင်သမျှ စုဆောင်းသိမ်းဆည်းနေခဲ့ပါတယ်

နော်ဝေနိုင်ငံနဲ့ အာတိတ်ဒေသတို့ ဆက်စပ်ရာနေရာမှာ Svalbard Global Seed Vault (SGSV) လို့ အမည်ရတဲ့ သိုလှောင်ခန်းကြီးဟာ ကမ္ဘာပေါ်က အစေ့များအားလုံးကို ၂၀၀၈ ခုနှစ်ကစတင်လို့ တတ်နိုင်သမျှ စုဆောင်းသိမ်းဆည်းနေခဲ့ပါတယ်။ ဒါကို “Doomsday Vault” လို့လဲ ခေါ်ဆိုပြီး တကယ်လို့ ကမ္ဘာကြီးပေါ်က အပင်များအားလုံးဟာ ကိစ္စတစ်ခုခုကြောင့် ပျက်သုဉ်းခဲ့မယ်ဆိုရင် လိုရမယ်ရအနေနဲ့ အပင်မျိုးစေ့ပေါင်း ၈၅၀,၀၀၀ ခန့်ကို အပူချိန် -18 °C မှာ သိမ်းဆည်းထားပါတယ်။ ပြီးတော့ သူဟာ ကမ္ဘာတစ်ဝန်းက သင့်တော်ရာဒေသ climate အသီးသီးမှ အပင်မျိုးစေ့ဘဏ် (seed banks) ပေါင်း (၁,၇၅၉) အတွက်လည်း backup အနေနဲ့ တည်ရှိနေပါတယ်။

ကမ္ဘာတစ်ဝန်းက သင့်တော်ရာဒေသ climate အသီးသီးမှ အပင်မျိုးစေ့ဘဏ် (seed banks) ပေါင်း (၁,၇၅၉) အတွက်လည်း backup အနေနဲ့ တည်ရှိနေ

အခုလို လုပ်နေရခြင်းဟာ တကယ်လက်တွေ့မှာ အသုံးဝင်ပြီးပြီလားဆိုတာကို သံသယပွားနေတယ်ဆိုရင် ၂၀၁၅ ခုနှစ်က ဖြစ်စဉ်တစ်ခုအကြောင်း ပြောပြလိုပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ဆီးရီးယားစစ်ပွဲကြောင့် အတော်အတန်ပျက်စီးခဲ့တဲ့ Aleppo seed bank ဆီကို SGSV မှ အပင့်မျိုးစေ့ပေါင်း (၁၁၆,၀၀၀) ခန့် ပြောင်းလဲထောက်ပံ့ပေးခဲ့ပါတယ်။ (၂) နှစ်အကြာမှာတော့ အဆိုပါ မျိုးစေ့များအားလုံးဟာ အောင်အောင်မြင်မြင် ပျိုးထောင်ခံခဲ့ရပြီး သူတို့ဆီမှ ပြန်လည်ရရှိတဲ့မျိုးစေ့များအားလုံးကို SGSV ထံ ပြန်လည် ပို့ဆောင် ထိန်းသိမ်းခဲ့ပါတယ်။

Svalbard Global Seed Vault (SGSV) သိုလှောင်ခန်းကြီးအတွင်းမှာရိုက်ကူးထားတဲ့ ရုပ်သံဖိုင် – https://youtu.be/2_OEsf-1qgY

ထပ်တိုးရရှိလာသော အသုံးစရိတ်

အခုလို အဖြစ်အပျက်မျိုးကြုံလာတိုင်း SGSV မှ ပြည့်ပြည့်ဝဝထောက်ပံ့နိုင်ဖို့အတွက် နောက်ထပ် အသုံးစရိတ်အနေနဲ့ ဒေါ်လာ (၁၃) သန်းခန့်ကို နော်ဝေစိုက်ပျိုးရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်အတွင်းမှာ ထောက်ပံ့ပေးခဲ့ပါတယ်။

မျိုးစေ့သိုလှောင်ခန်းကြီးကို တည်ဆောက်ထိန်းသိမ်းခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပြီဖြစ်ပြီးတော့ ထပ်မံအဆင့်မြှင့်မှုများပြုလုပ်ဖို့ အချိန်ကျရောက်နေ

အခုဆိုရင် အဆိုပါ မျိုးစေ့သိုလှောင်ခန်းကြီးကို တည်ဆောက်ထိန်းသိမ်းခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပြီဖြစ်ပြီးတော့ ထပ်မံအဆင့်မြှင့်မှုများပြုလုပ်ဖို့ အချိန်ကျရောက်နေပြီလို့ သိရပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ လူသားများအတွက် အနာဂတ်မှာ စားသုံးစရာရိက္ခာများနဲ့ နေထိုင်စရာ သဘာဝအရင်းအမြစ်များ ပျောက်ဆုံးမသွားအောင် ကူညီပေးနိုင်မှာဖြစ်တယ်လို့ နော်ဝေနိုင်ငံ စိုက်ပျိုးရေးနဲ့ အစားအသောက်ဝန်ကြီး Jon Georg Dale က ပြောကြားခဲ့ပါတယ်။

ဒါကြောင့် တစ်ဘက်မှာလည်း ကမ္ဘာကြီးရဲ့ အခြေအနေအချို့ယိုယွင်းလာတာကို နော်ဝေနိုင်ငံဟာ လွန်ခဲ့တဲ့ (၁၀) စုနှစ်တစ်ခုကျော်ကျော်ကတည်းက သိမြင်ပြီး အကောင်းဆုံးဖြစ်အောင်ပြင်ဆင်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတိုင်းဟာ သဘာဝပတ်ဝန်းကျင်၊ ရာသီဥတုပြောင်းလဲမှုများအတွက် ဒီလိုကြိုတင်ပြင်ဆင်မှုများနဲ့ ကာကွယ် ထိန်းသိမ်းမှုများကို တက်ညီလက်ညီလုပ်သွားမယ်ဆိုရင်တော့ နောက်မျိုးဆက်များအတွက် ကမ္ဘာကြီးကို ကယ်တင်ရာရောက်ပါလိမ့်မယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top