ကားပြတင်းပေါက်ကနေ စီးကရက်ဖင်စီခံလွှင့်ပစ်တဲ့ ယာဉ်မောင်းတွေကို (၁၀)မှတ်လျှော့ပြီး ဒဏ်ငွေဒေါ်လာ ၁၁၀၀၀ ချမှတ်မယ့် စည်းမျဉ်းသစ်တွေ ထုတ်ပြန်

01-1.jpg

ကားပြတင်းပေါက်ကနေ စီးကရက်ဖင်စီခံ လွှင့်ပစ်တဲ့ ယာဉ်မောင်းတွေကို ယာဉ်စည်းကမ်းဖောက်ဖျက်မှုအရ ၁၀ မှတ်လျှော့ပြီး ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၁၀၀၀ အထိ ချမှတ်မယ့် စည်းမျဉ်းသစ်တွေကို သြစတြေးလျနိုင်ငံ နယူးဆောက်ဝေးလ်ပြည်နယ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ဇန်နဝါရီလ ၁၇ ရက်မှာ စတင်အကျုံးဝင်လာတဲ့ စည်းမျဉ်းသစ်တွေဟာ ယာဉ်မောင်းတွေတင် မကဘဲ ခရီးသည်တွေကိုပါ သက်ရောက်မှုရှိမှာပါ။ ကားပြတင်းပေါက်ကနေ သောက်ပြီးသား စီးကရက်ပစ်ချတဲ့ ယာဉ်မောင်းတွေကို အနိမ့်ဆုံး ၅ မှတ်လျှော့ ပြစ်ဒဏ်ချမှတ်မှာဖြစ်ပေမဲ့ မီးဘေးအန ္တရာယ် ကြိုတင်ကာကွယ်ရေးကာလမှာ အဲဒီလိုလုပ်မိရင်တော့ (၁၀)မှတ်အထိ လျှော့ပြီး ဒဏ်ငွေ(၁၁၀၀၀)ချမှတ်ခံရမှာပါ။ ဒါဟာ ကားမောင်းတတ်ခါစ လူတွေကို လိုင်စင် ချက်ချင်းသိမ်းခံရဖို့ လုံလောက်တဲ့ပြစ်ဒဏ်ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ လူ(၂၈)ယောက် သေဆုံးစေခဲ့တဲ့ တောမီးအကြီးအကျယ်လောင်ကျွမ်းမှု ကြုံနေရချိန်မှာ အခုလိုတင်းကျပ်တဲ့ စည်းမျဉ်းတွေ ထုတ်ပြန်ခဲ့တာပါ။ ခရီးသည်တွေအနေနဲ့ လမ်းပေါ်မှာ ဒါမှမဟုတ် လမ်းဘေးမှာ သောက်ပြီးသားစီးကရက် လွှင့်ပစ်ရင် အမေရိကန်ဒေါ်လာ ၆၆၀ ဒဏ်ရိုက်ခံရမှာဖြစ်ပြီး မီးဘေးအန ္တရာယ် ကြိုတင်ကာကွယ်နေတဲ့ကာလမှာဆိုရင်တော့ ဒဏ်ငွေနှစ်ဆ ပေးဆောင်ရမှာပါ။ ၂၀၁၉ ခုနှစ်အတွင်း သောက်ပြီးသား စီးကရက်တွေ လွှင့်ပစ်ခဲ့သူ ၂၀၀ ကျော်ကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သြစတြေးလျနိုင်ငံမှာ သောက်ပြီးသား ဆေးလိပ်လွှင့်ပစ်သူတွေကို အမှတ်လျှော့ပြစ်ဒဏ်ချမှတ်တာ ပထမဆုံးအကြိမ်ပဲလို့ ရဲတပ်ဖွဲ့နဲ့ အရေးပေါ်ဌာန ဝန်ကြီး ဒေးဗစ်အီးလီးယော့က ပြောပါတယ်။ ကားပြတင်းပေါက်ကနေ သောက်ပြီးသားဆေးလိပ်တွေ လွှင့်ပစ်တဲ့သူ တစ်ယောက်ယောက်ကို တွေ့ရင် အကြောင်းကြားပေးဖို့ ကျေးလက်မီးသတ်တပ်ဖွဲ့ အထွေထွေအတွင်းရေးမှူး စတိဗ်ရောဘင်ဆန်က တိုက်တွန်းထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top