သေနတ်သမားနဲ့ နပန်းလုံးပြီး အတန်းဖော်တွေကို အသက်ပေးကယ်တင်ခဲ့တဲ့ကျောင်းသား

60521637_2067515703374343_5371210427348811776_n.jpg

အမေရိကန်နိုင်ငံ ကာလိုရာဒိုပြည်နယ် ဟိုက်လန်ရမ်ချ်မြို့က “အက်စ်တီအီအမ်ကျောင်း” (STEM School) မှာ သေနတ်သမား (၂) ဦးက လူ(၈) ဦးကို သေနတ်နဲ့ ဝင်ရောက်ပစ်ခတ်ခဲ့ပါတယ်။ သေနတ်အပစ်ခံရတဲ့ လူတွေထဲမှာ ကန်ဒရစ် ကာစတီလို (Kendrick Castillo) ဆိုတဲ့ အသက်(၁၈)နှစ်အရွယ် ကျောင်းသားတစ်ဦး ပါခဲ့ပါတယ်။ ကန်ဒရစ်ဟာ ထွက်ပြေးတယ်ဆိုရင် အသက်ရှင်မှာဖြစ်ပေမဲ့လည်း သေနတ်သမားကို ဝင်နပန်းလုံးခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရရှာပါတယ်။

လူသတ်တရားခံလို့ယူဆခံရတဲ့လူတွေကတော့ အသက် (၁၈) နှစ် အရွယ် ဒီဗွန် အဲရစ်ဆန် (Devon Erickson) နဲ့ အသက် (၁၆) နှစ် အရွယ် အေလီ မက်ကင်နေး (Alec McKinney) တို့ပါ။ အရင်ပတ်က ဗုဒ္စဟူးနေ့မှာ ရဲတွေက လူငယ်လူသတ်တရားခံ (၂) ဦးကိုကျာင်းမှာ ဖမ်းဆီးရမိခဲ့ကြောင်း ပြောခဲ့ပါတယ်။ လာမယ့် ဇူလိုင် (၇) ရက်နေ့မှာ အမှုကြားနာမှာ ဖြစ်ပါတယ်။

ကန်ဒရစ်ကတော့ သူ့အသက်ကို မငဲ့ဘဲ သူ့အတန်းဖော်တွေအတွက် အသက်ပေးသွားခဲ့တာပါ

ဖြစ်စဉ်ဟာ စာသင်ခန်းထဲမှာဖြစ်ပျက်ခဲ့ပြီး သေဆုံးသွားခဲ့တဲ့ ကန်ဒရစ်ရဲ့ အတန်းဖော် ဘရန်ဒါ ဘိုင်အလီ (Brendan Bialy) အရတော့ ကန်ဒရစ်ဟာ ကိုယ့်အသက်ကိုဂရုမစိုက်ဘဲ သေနတ်သမားတစ်ဦးကို ဝင်နပန်းလုံးတဲ့အချိန်မှာ ခြေထောက်ကိုလည်း (၂) ချက် အပစ်ခံခဲ့ရကြောင်း၊ သေနတ်သမားလက်ထဲကနေ သေနတ် လုယူနိုင်ခဲ့ကြောင်း ဆိုသွားပါတယ်။ ကန်ဒရစ်ကတော့ သူ့အသက်ကို မငဲ့ဘဲ သူ့အတန်းဖော်တွေအတွက် အသက်ပေးသွားခဲ့တာပါ။

လူ (၂) ထောင်နီးပါးဟာ သေဆုံးသွားခဲ့တဲ့ ကန်ဒရစ်ကို ဂုဏ်ပြုဖို့ သတိရ အောင်မေ့ဖွယ်အခမ်းအနား ပြုလုပ်ခဲ့ကြပါတယ်

ပြီးခဲ့တဲ့ ဗုဒ္စဟူးနေ့မှာတော့ လူ (၂) ထောင်နီးပါးဟာ သေဆုံးသွားခဲ့တဲ့ ကန်ဒရစ်ကို ဂုဏ်ပြုဖို့ သတိရ အောင်မေ့ဖွယ်အခမ်းအနား ပြုလုပ်ခဲ့ကြပါတယ်။ ကန်ဒရစ်ရဲ့ ကျောင်းနေဖက် သူငယ်ချင်း ဒါကိုတာ မန်း (Dakota Mann) က “ကန်ဒရစ်က ငါတို့အတွက် အသက်ပေးခဲ့တယ်။ အခု ငါတို့က သူ့အတွက် အသက်ရှင်ကြရမယ်” လို့ ကြေကွဲစွာ ပြောခဲ့ပါတယ်။ ကျွန်တော်တိုအနေနဲ့လည်း သွေးသားမတော်စပ်ဘဲနဲ့ ကူညီဖူးခဲ့တဲ့ သူငယ်ချင်းတွေကို တန်ဖိုးထားလေးစားသင့်ပါကြောင်း။

Ref: NBCNews “Thousands honor teen who died trying to stop Colorado school shooting”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top